နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥက္ကလာပစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ဆည်းလည်းပဒေသာတော်များနှင့် ငှက်မြတ်နားတော်အထွတ်တော်တင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

ရန်ကုန်  မတ် ၆

တောင်ဥက္ကလာပမြို့နယ်ရှိ ဥက္ကလာပစေတီတော်မြတ်ကြီး ၏ ရတနာစိန်ဖူးတော် ဆည်း လည်းပဒေသာတော်များနှင့် ငှက် မြတ်နားတော်တို့အား အထွတ် တော်တင် မဟာမင်္ဂလာအခမ်း အနားနှင့် ဆွမ်းဆန်စိမ်းလောင်း လှူပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စေတီ တော်ပရိဝုဏ်အတွင်း၌ ကျင်းပ သည်။

ရှေးဦးစွာ အထွတ်တော်သို့ တင်လှူပူဇော်မည့်ရတနာစိန်ဖူး  တော်ဆည်းလည်းပဒေသာတော် နှင့် ငှက်မြတ်နားတော်တို့အား ဆရာတော်ကြီးများက ဗုဒ္ဓါဘိ သေက အနေကဇာတင်လှူပူ ဇော်ပြီး၊ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်း အနားကိုဖွင့်လှစ်ကာ ရတနာစိန် ဖူးတော်၊ ဆည်းလည်းတော် များ၊ ငှက်မြတ်နားတော်တို့နှင့် နဝကမ္မအလှူတော်ငွေများ ဆက် ကပ်လှူဒါန်း၍ ဥက္ကလာပစေတီ တော်မြတ်ကြီး ရွှေသင်္ကန်းကပ် လှူရန်အတွက် အလှူတော်ငွေ ကျပ်သိန်း ၂၀ အထက် လှူဒါန်း သော အလှူရှင်များအား ဂုဏ် ပြုမှတ်တမ်းလွှာပေးအပ်ကြ သည်။

ဆက်လက်၍ အထွတ်တော် သို့တင်လှူပူဇော်ရမည့် ရတနာ စိန်ဖူးတော် ဆည်းလည်း ပဒေသာ တော်နှင့် ငှက်မြတ်နားတော်တို့ အား မဟာမုနိဓမ္မာရုံမှ ဥက္ကလာပ စေတီတော် ရင်ပြင်သို့ ပင့်ဆောင် ကာ လက်ယာရစ်သုံးပတ်အပူ ဇော်ခံပြီး သုဒဿနရင်ပြင်ရှိ ဗဟိုမဏ္ဍပ်သို့ ပင့်ဆောင်ကြ သည်။

ထို့နောက် ဆည်းလည်း ပဒေသာတော်များ၊ ငှက်မြတ် နားတော်နှင့် စိန်ဖူးတော်တို့ကို မင်္ဂလာပန်းရထားဖြင့် စေတီ တော်၏ အထွတ်တော်သို့ တင် လှူကြရာ၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ဥက္ကလာပစေတီတော်မြတ် ကြီး၏ ဂေါပကအဖွဲ့ဝင်များက ပူဇော်ကြည်ညိုကြပြီး၊ အထွတ် တော်တင် မဟာမင်္ဂလာအခမ်း အနားအောင်မြင်ပြီးမြောက် ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး ငွေမိုးများ ရွာသွန်း ဖြိုးကြသည်။

ယင်းနောက် ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးများနှင့် စေတီတော်  ဂေါပကအဖွဲ့ဝင်များက ကြွရောက် တော်မူကြကုန်သော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်ကြပြီး၊ ညနေပိုင်း တွင်း ဆရာတော်၊ သံဃာတော် များအား ဆွမ်းဆန်တော်များ လောင်းလှူကြသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)







အခြားဆက်စပ်သတင်းများ