နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုလ်အောင်ကျော်လမ်းတစ်လျှောက် ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ တ်ထွင်ရှင်းလင်း

ရန်ကုန်  မတ်  ၆

အများပြည်သူ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး၊ သစ်ပင် သစ်ကိုင်းများကြောင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး၊ ဗို့အားပြည့်ဝ စွာရှိရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကြား၊ ဗိုလ်အောင်ကျော် လမ်းမကြီး၊ 6.6KV ဗန္ဓုလပလာဇာဖီဒါတစ်လျှောက်ရှိ ဓာတ်အား လိုင်းများနှင့်မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းကို သီးခြားဓာတ်အားပိတ် ဆောင်ရွက်ခြင်းမပြုဘဲ အလှည့်ကျ ဓာတ်အားပြတ်တောက်ချိန်ဖြစ်သည့် ယနေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဆောင်ရွက်ခဲ့ကြရာ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင် မြို့နယ် လျှပ်စစ်မန်နေဂျာနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့က အနီးကပ်ကြီးကြပ်၍ ယင်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်း များဖြင့် ဆောင်ရွက်ခဲ့ကြသည်။                             

ချစ်ဆောင် YESC






အခြားဆက်စပ်သတင်းများ