နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမုဒ္ဒရာများ ကာကွယ်ရေး အမေရိကန်က ဒေါ်လာ ၆ ဘီလီယံ ထည့်ဝင်မည်

ပနားမား၊မတ် ၅ 

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက် ရေးနှင့် သမုဒ္ဒရာများကို ကာကွယ်ရေး အတွက် အမေရိကန် ဒေါ်လာ  ၆ ဘီလီယံ ရန်ပုံငွေထည့်ဝင်မည်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုက ကတိပြု လိုက်သည်။

ပနားမားနိုင်ငံတွင် ကျင်းပသည့် ၈ ကြိမ်မြောက် သမုဒ္ဒရာ ညီလာခံတွင် အမေရိကန်ပြည်ထောင်စုက ယခု ကဲ့သို့ ရန်ပုံငွေထည့်ဝင်ရေးကို ကတိပြုလိုက် ခြင်း ဖြစ်ပြီး ပံ့ပိုးမည့်ငွေကြေးများသည် ငါးဖမ်းလုပ်ငန်း၊ အဏ္ဏဝါသက်ရှိနေရာ များ ကာကွယ်ထိန်းသိမ်းရေး၊ လုံခြုံရေး လုပ်ငန်းများနှင့် သမုဒ္ဒရာ ညစ်ညမ်းမှုကို ထိန်းသိမ်းရေး စသည့် ကဏ္ဍများတွင် သုံးစွဲသွားရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပနားမားနိုင်ငံကလည်း ယင်း၏ ဧရိယာရှိ ပင်လယ်ပြင်၅၄ ရာခိုင်နှုန်းကို ကာကွယ်ရေးကြေညာ ချက် တစ်ရပ်ထုတ်ပြန်ထားပြီး အဏ္ဏဝါ ပတ်ဝန်းကျင်ကို ရောက်ရှိလာသည့် ပလတ်စတစ် အမှိုက်သရိုက်များ လျှော့ ချရေးအတွက် ဒေါ်လာ သန်းချီထည့် ဝင်မည့် ကတိကဝတ်များကို ရယူနိုင် ခဲ့ကြောင်း သိရသည်။         

(ref: Reuters)







အခြားဆက်စပ်သတင်းများ