နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေယာဉ်ဆီ ဝယ်မရခြင်းကြောင့် ကျူးဘားလေကြောင်း ခရီးစဉ်များ ဖျက်သိမ်း

ဟာဗားနား၊ ဧပြီ ၂၈

အာဂျင်တီးနားနိုင်ငံက လေယာဉ် ဆီရောင်းချရန် ငြင်းဆန်ခြင်းကြောင့် နိုင်ငံပိုင် လေကြောင်းလိုင်း ခရီးစဉ် များကို ဖျက်သိမ်းလိုက်ရကြောင်း ကျူးဘားနိုင်ငံက ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်သည်။ 

ကျူးဘားနိုင်ငံအပေါ် ချမှတ် ထားသည့် အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် အာဂျင် တီးနားနိုင်ငံ လေယာဉ်ဆီ ထုတ်လုပ် ရောင်းချရေးလုပ်ငန်းများသည် ကျူး ဘားကို လေယာဉ်ဆီ ရောင်းချပေးရန် ငြင်းဆန်လာခြင်း ဖြစ်သည်။

ထို့ကြောင့် ကျူးဘားနိုင်ငံပိုင် နိုင်ငံတကာ လေကြောင်းလိုင်းဖြစ် သည့် ကျူးဘားနား ဒီအဗီယေရှင်း (S.A) က လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ကာ မိတ်ဖက် လေကြောင်းလိုင်းများနှင့် ချုပ်ဆိုထားသည့် ခရီးစဉ်များကိုလည်း ဖျက်သိမ်းထားကြောင်း သိရသည်။

 ခရီးသည်များကို လေယာဉ် လက်မှတ် ဘွတ်ကင်ပြန်တင်ပေးခြင်း သို့မဟုတ် ငွေပြန်အမ်းခြင်းများကို လေကြောင်းလိုင်းဘက်ကပြုလုပ်ပေး မည်ဖြစ်ပြီး ယင်းကိစ္စကို အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမ္မတ ရုံးတို့က တစ်စုံတစ်ရာ သဘောထား မှတ်ချက်ပေးခြင်းမျိုး မရှိကြောင်း သိရ သည်။ 








(ref: CNA)






အခြားဆက်စပ်သတင်းများ