နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဩစတြေးလျကမ်းခြေတွင် ပိုင်းလော့ဝေလငါး ရာချီ သောင်တင်နေ

ကမ်ဘာရာ၊ ဧပြီ ၂၈

ဩစတြေးလျနိုင်ငံ အနောက်ပိုင်း ကမ်းခြေတစ်ခုတွင် ပိုင်းလော့ ဝေလ ငါးကောင်ရေ ရာနှင့်ချီ၍ မျောတင် နေကြောင်း ကမ်းခြေ လာရောက် အပန်း ဖြေသူများက ဧပြီ ၂၇ ရက်တွင်ပြော သည်။

 ဒွန်းစ်ဘာရာ့မြို့ရှိ ကမ်းခြေတွင် ပိုင်းလော့ ဝေလငါး ကောင်ရေ ၁၆၀ခန့် သည် ကမ်းခြေ မီတာ ၅၀၀ အတွင်း ပျံ့ကြဲ မျောတင်လာပြီး ယင်းတို့အနက် ဝေလငါး ၂၆ ကောင် သေဆုံးသွား ကြောင်း ဩစတြေးလျ တာဝန်ရှိသူ များက ထုတ်ပြန်ထားသည်။ 

လက်ရှိတွင် ဝေလငါးများမျောတင် နေသည့်နေရာကို တောရိုင်းတိရစ္ဆာန် ရေးရာ တာဝန်ရှိသူများ ၊ အဏ္ဏဝါရေးရာ သိပ္ပံပညာရှင်များနှင့်တိရစ္ဆာန်ဆေး ကုသရေး ကျွမ်းကျင်သူများ သွားရောက် နေကြောင်း သိရသည်။ 

ပိုင်းလော့ဝေလငါးမျိုးများသည် အစုအဝေးနှင့်ပူးကပ်စွာ နေထိုင်လေ့ ရှိသည့် စရိုက်ရှိခြင်းကြောင့် ဝေလ ငါးတစ်ကောင် ကမ်းခြေပေါ်သောင် တင်လာပါက ကျန်ဝေလငါး အကောင် များပါ အတူတကွ လာရောက်စုဝေး မျောတင်လေ့ရှိသည်။







(ref: AFP)






အခြားဆက်စပ်သတင်းများ