နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ဘဏ်က အိန္ဒိယကို ကျန်းမာရေး ချေးငွေ ဒေါ်လာ ၁ ဘီလီယံ ပေးမည်

ါရှင်တန်၊ မတ် ၅

အိန္ဒိယနိုင်ငံ၏ ကျန်းမာရေးကဏ္ဍကို မြှင့်တင်နိုင်ရန် ကမ္ဘာ့ဘဏ်ကအမေရိကန် ဒေါ်လာ ၁ ဘီလီယံ ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း မတ် ၄ ရက်တွင် ထုတ်ပြန် သည်။

အဆိုပါချေးငွေအတွက် အိန္ဒိယအစိုးရ နှင့် ကမ္ဘာ့ဘဏ်တို့ကြား ကူးစက်ရောဂါ ကြိုတင်ပြင်ဆင်မှုနှင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများကို မြှင့်တင်မည့် ပရော့ဂျက်နှစ်ခုကို လက်မှတ်ရေးထိုးပြီးဖြစ်ကာ ပရောဂျက်တစ်ခုတွင်ကန်ဒေါ်လာ သန်း ၅၀၀ စီ ပါဝင်ကြောင်း သိရသည်။

ချေးငွေရရှိပါက အိန္ဒိယ အစိုးရအနေဖြင့် ပရောဂျက်များကို အကောင်အထည် ဖော်ရန် နှင့် အဓိက ပြည်သူ့ကျန်းမာရေးအဖွဲ့ အစည်းများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ကမ္ဘာ့ဘဏ်၏ ချေးငွေကို ၁၈ နှစ်ခွဲအတွင်း အိန္ဒိယအစိုးရက ပြန်လည်ပေး ဆောင်ရမည်ဖြစ်ကြောင်း သဘောတူညီချက်တွင် ထည့်သွင်းရေးသားထားသည်။

(ref:XinhuaNet)







အခြားဆက်စပ်သတင်းများ