နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှား၌ လောင်စာဆီသိုလှောင်ရုံ မီးလောင်၊လူသေဆုံးမှုများရှိ

ဂျာကာတာ၊မတ် ၅

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်ရှိ လောင်စာဆီသိုလှောင်ရုံ တစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား ရာ လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး လူဒါဇင်ချီ ဒဏ်ရာရထားကြောင်း အာဏာပိုင်များက မတ် ၄ ရက်တွင် ထုတ်ပြန်သည်။

မီးလောင်ကျွမ်းမှုသည် ဂျာကာတာ မြို့တော်၏ လူဦးရေ ထူထပ်သည့် တာနာမဲရာ ရပ်ကွက်အထိ ပျံ့နှံ့လာခြင်းကြောင့်ဒေသခံ ထောင်ချီ၍ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရကြောင်း သိရသည်။

မီးလောင်မှုဖြစ်သည့် လောင်စာဆီသိုလှောင်ရုံသည် နိုင်ငံပိုင် ပါတာမီနာ ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီက တာဝန်ယူလည်ပတ်နေခြင်းဖြစ်ပြီး ယင်းကတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံအတွင်း လောင်စာဆီ လိုအပ်ချက် ၂၅ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေခြင်းဖြစ်သည်။

ပဏာမ စုံစမ်းစစ်ဆေးမှုအရ နိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းစဉ်က မိုးကြိုးပစ်ခတ်ခံရမှုကြောင့် ပေါက်ထွက်နေသည့် ပိုက်လိုင်းသည် အပူလွန်ကဲကာ မီးလောင်ကျွမ်းခြင်း ဖြစ်နိုင်ကြောင်း ယူဆထားပြီး ယခုဖြစ်စဉ်ကြောင့် နိုင်ငံအတွင်း လောင်စာဆီထောက်ပံ့မှုများကို ထိခိုက်မည် မဟုတ်ကြောင်း ကုမ္ပဏီ တာဝန်ရှိ သူများကပြောသည်။                                                (ref: BBC)






အခြားဆက်စပ်သတင်းများ