နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါကစ္စတန်ကျောက်မီးသွေးတွင်း အဆိပ်သင့်ဓာတ်ငွေ့ယိုစိမ့်

အစ္စလာမ်မာဘတ်၊မတ် ၅

ပါကစ္စတန်၌ ကျောက်မီးသွေးလုပ် ကွက်အတွင်း မတ် ၄ ရက်ကအဆိပ်သင့် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အလုပ်သမား ခြောက်ဦး ထက်မနည်း သေဆုံးပြီး ငါးဦး ဆေးရုံတင်ထားရကြောင်း သိရသည်။ 

ကယ်ဆယ်ရေးသမားများ၏ပြော ကြားချက်အရ မိုင်းတွင်းထဲ၌ အဆိုပါ ဓာတ်ငွေ့များ ပြည့်သွားသဖြင့် အလုပ် သမားများ သေဆုံးရခြင်းဖြစ်ပြီး ဓာတ် ငွေ့များထွက်လာ၍ ပိတ်မိနေချိန်၌ မိုင်းတွင်းထဲတွင် လုပ်သား ၁၁,၀၀၀ ရှိ နေကြောင်း သိရသည်။

အပြင်ရှိ အခြားလုပ်သားများက ကယ်ဆယ်ရေးသမားများကို ဆက်သွယ် ၍ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များကိုကယ်တင်ရန် ကြိုးပမ်းကြသော်လည်း ဓာတ်ငွေ့များ အဆမတန်ပြည့်နေသဖြင့် သေဆုံးသူများ ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်ရှိ ကျောက်မီးသွေးမိုင်း တွင်း လုပ်သားများသည်လုံခြုံမှုရှိသည့် လုပ်ငန်းခွင်ကို အစိုးရနှင့်သက်ဆိုင်ရာ လုပ်ငန်းရှင်များအား အကြိမ်ကြိမ် တောင်းဆိုထားသော်လည်း မည်သို့မျှ စီစဉ်ဆောင်ရွက်ပေးခြင်း မရှိသဖြင့် အလုပ်သမားများသည် အန္တရာယ်ရှိ သည့်လုပ်ငန်းခွင်အတွင်း၌သာ ဆက် လက် လုပ်ကိုင်နေရပြီး မတော်တဆမှု ဖြစ်ပွားမှသာလျော်ကြေးအနည်းငယ် နှင့် ကျေနပ်ရသည်ဟု ဆိုသည်။ 

(ref: CNA)






အခြားဆက်စပ်သတင်းများ