နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံတွင် ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုစတင်

ဗန်ကောက်၊မတ် ၅

ကမ္ဘာတွင် အကြီးမားဆုံး နိုင်ငံပေါင်း စုံစစ်ရေးလေ့ကျင့်မှု တစ်ခုဖြစ်သည့် ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုကို တော်ဝင်ထိုင်းဘုရင့် တပ်မတော်နှင့် အမေရိကန်၏ အင်ဒို-ပစိဖိတ်စစ်ဌာန ချုပ်တို့ ပူးပေါင်းကာ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း မတ် ၄ ရက် သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံတွင် နှစ်စဉ်ကျင်းပသည့် ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုတွင် ချုံဘူရီပြည်နယ်ယောင်ကမ်းခြေကို ထိုင်း၊ အမေရိကန်နှင့်တောင်ကိုရီးယား မရိန်းတပ်ဖွဲ့များက ရဟတ်ယာဉ်အနိမ့် ပျံသန်းသည့် အနေအထားနှင့် ကမ်း တက်တိုက်ခိုက်သည့် ပုံသဏ္ဍာန်စစ်ရေး လေ့ကျင့်ခြင်းဖြစ်ကြောင်း သိရသည်။

ကမ်းတက် တိုက်ခိုက်မှု၏ပင်မရည် ရွယ်ချက်သည် ကမ်းခြေတွင် အလျင် အမြန် အခိုင်အမာနေရာယူရန်နှင့်  တစ်ဖက်ရန်သူကို အနိုင်ယူချေမှုန်းရန် ဖြစ်ပြီး၊ ထိုင်းတပ်က တိုက်ခိုက်မှုပြု လုပ်ကာ အမေရိကန်နှင့် တောင်ကိုရီးယား တပ်များက ဘေးမှ ဝန်းရံတိုက်ခိုက်သည့် သဖွယ် လေ့ကျင့်ခြင်းဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုတွင်စင်ကာပူ၊ ဂျပန် ၊ အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံကလည်း အပြည့်အ၀ပါဝင်လေ့ကျင့် နေကြပြီး လေ့ကျင့်မှုကာလနှစ်ပတ် ကြာမြင့်မည် ဖြစ်ကြောင်းသိရသည်။                             

 (ref: CNA)







အခြားဆက်စပ်သတင်းများ