နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြိုင်ဆိုင်နေသော ခေတ်

၂၁ ရာစုခေတ်ကြီးသည်အရာရာ နေ့ချင်း၊ ညချင်းတိုးတက် ပြောင်းလဲနေသော ခေတ်မြန်ကြီးပင်ဖြစ်၏။ တိုးတက်မှုမြန်ဆန် ရခြင်း၏ အကြောင်းအရင်းသည်  ကမ္ဘာအရပ်ရပ်တို့တွင်       ပြိုင်ဆိုင်မှု ကြီးထွားလာခြင်းကြောင့်ဖြစ်သည်။

လောက၌ကောင်းသောယှဉ်ပြိုင်မှုတိုင်းသည် တိုးတက်ကြကုန် ၏။ အကောင်းကိုယှဉ်ပြိုင်သောအရာဟူသမျှသည် အကောင်းကို  ဖြစ်စေ၏။ တစ်နည်းအားဖြင့် တိုးတက်ကြီးပွားခြင်းကိုဖြစ်စေ  နိုင်၏။ နိုင်ငံတစ်နိုင်ငံတွင် အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေး ခြင်းသည် လူတစ်ဦးချင်း၊ မိသားစုချင်း၊ လူမှုစီးပွားဘဝတိုးတက်  ရုံသာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်လည်းများစွာ အထောက်အကူ ပြုလျက်ရှိသည်။ တစ်နည်းအားဖြင့် ပြည်သူလူထု၏ ဆင်းရဲမှုကို လျှော့ချပေးခြင်းဖြစ်သည်။

လျှပ်စစ်သုံးယာဉ်များအတွက် မြန်မာနိုင်ငံ၏ပထမဆုံးသော လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ (နေပြည်တော်) MGEV  Char-  ging Station ( NPT) ကို မတ် ၄ ရက်က နေပြည်တော်သပြေကုန်းဈေး တွင်ဖွင့်လှစ်ခဲ့သည်။   မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များ အသုံးပြုနိုင်ရေးအတွက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့်အမျိုးသား အဆင့်     လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက Pilot Project  အနေဖြင့်နေပြည်တော်၊ ရန်ကုန်မြို့၊  မန္တလေးမြို့နှင့်ရန်ကုန်မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် လျှပ်စစ်သုံးယာဉ်များ  လွယ်ကူလျင်မြန်စွာအားသွင်း နိုင်ရေးအတွက်  လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံများစီမံဆောင် ရွက်လျက်ရှိရာ  နေပြည်တော်အတွင်း  NPK Motor   Co. Ltd က  ပထမဦး တည်ဆောက်ဖွင့်လှစ်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်သုံး Taxi အဌားယာဉ်လုပ်ငန်းကိုလည်းစတင်  ဆောင်ရွက်မည်ဖြစ်သည်။

ကျန်တည်ဆောက်ဆဲ   လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ   (Char- ging Station) များကိုလည်း အမြန်ဆုံးဖွင့်လှစ်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

Earth Renewable Energ  Co.Ltd  မှ တင်သွင်းလာသော BYD အမျိုးအစား လျှပ်စစ်သုံးယာဉ် ၁၉ စီး မတ် ၃ ရက်က ထီးတန်း ဆိပ်ကမ်းသို့ရောက်ရှိပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြု သကဲ့သို့ Asia  Pacific Automaker Corporation Co. Ltd မှ တင်သွင်းလာသော     Dongfeng  အမျိုးအစား လျှပ်စစ်သုံးယာဉ်အစီး ၃၀ သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ မတ် ၃ ရက်က လုပ်ထုံးလုပ်နည်းနှင့် ထုတ်ယူခွင့်ပြုခဲ့ပေသည်။ လျှပ်စစ်သုံးယာဉ်များ တင်သွင်းမှုသည်ပြည်တွင်း လျှပ်စစ်သုံးယာဉ် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက်ခွန်ကင်းလွတ်ခွင့် သက်သာခွင့်ပြုထားပေသည်။

ပြည်သူတို့အရည်အသွေးကောင်းသော လျှပ်စစ်ကားများကို ဈေးနှုန်းသင့်တင်မျှတစွာဝယ်ယူနိုင်ရေး လျှပ်စစ်မော်တော်ယာဉ် များ အပြိုင်အဆိုင်တင်သွင်းလာကြရာ ပြိုင်ဆိုင်ခြင်းသည် ပြိုင်ဆိုင် သူများကိုသာ အကျိုးဖြစ်စေမည်မဟုတ်။ ပြည်သူလူထုကိုလည်း ကောင်းကျိုးပေး၏။ ဤသို့ကောင်းသောပြိုင်ဆိုင်မှုဖြင့် ရောင်းဝယ် ဖောက်ကား၊  ကောင်းသောပြိုင်ဆိုင်မှုဖြင့်   လုပ်ကိုင်ခြင်းဖြင့် တိုးတက်မှုကို  ရှာဖွေစေချင်ကြောင်း။







အခြားဆက်စပ်သတင်းများ