နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ-ထိုင်းရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ မြန်မာ ရွှေရာမာန်က ထိုင်း ဒီးဒုတ်ကို တတိယအချီ၌အလဲထိုး

ရန်ကုန်  မတ် ၅

မြန်မာ-ထိုင်းချစ်ကြည်ရေးရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများကိုကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်၊ ကြာအင်းကျေးရွာတွင် ယမန် နေ့က ကျင်းပရာ ရွှေရာမာန် မြန်မာက ဒီးဒုတ်ထိုင်းကိုအလဲထိုးအနိုင်ရရှိသွားသည်။ အဆိုပါ ပြိုင်ပွဲအမျိုးသားငါးချီစိန်ခေါ်ပွဲများ၌ရွှေရာမာန်(ဧကရာဇ်)နှင့် ဒီးဒုတ်(ထိုင်း)တို့ပွဲတွင် ပထမအချီနှင့်ဒုတိယအချီ၌သူတင်ကိုယ်တင်အမှားမခံဘဲထိုးခဲ့ကြ သည်။

တတိယအချီ၌ ရွှေရာမာန် ၏ လက်သီးတွဲလုံးများကြောင့် ဒီးဒုတ်အနားတောင်းခဲ့ပြီး တတိယအချီတွင် ဒီးဒုတ်ကို အလဲထိုးအနိုင်ရရှိခဲ့သည်။ 

အဲမွီ(နဂါးမင်း)နှင့် ကော့နန်း ဖား(ထိုင်း)တို့ပွဲတွင် ပထမ အချီမှပဉ္စမအချီအထိအရှုံးအနိုင် မပေါ်ဘဲ ပူးတွဲသရေကျသည်။

အမျိုးသမီးသုံးချီပွဲတွင် သောနေထူး(ဇာနည်မောင်)ကဖဲစဲစ်မတ်(ထိုင်း)ကို ပထမ အချီမှတတိယအချီအထိ လက် သီးတွဲလုံးများဖြင့် ထိုးခဲ့သော်လည်းပူးတွဲသရေကျသည်။အဆိုပါမြန်မာ-ထိုင်းပြိုင်ပွဲ နှင့်အတူ ငါးချီစိန်ခေါ်ပွဲများ၌ ချစ်ဝိုင်းဝိုင်း(ဇာနည်သွေး)နှင့် မိုးဟိန်း(တန်၉၀ဘိလပ်မြေ စက်ရုံ)တို့ပွဲတွင် ငါးချီအထိ အရှုံးအနိုင်မပေါ်ဘဲ၊ ပူးတွဲသရေ ကျပြီး လှိုင်ထက်အောင် (ရွှေ ကုက္ကိုလ်)က သိန်းစိုး(အဖြူ ရောင် သွေးသစ်)ကို သုံးချီ၌ အလဲထိုးခဲ့သည်။ ကမ္ဘာရှား (ဇာနည်သွေး)နှင့်စောမြလင်း (အဲ့ကညော)တို့ပွဲတွင် သူတစ် ပြန်ကိုယ်တစ်ပြန် ထိမိကြသော် လည်းသရေကျပြီး၊ ကျားပေါက် (တန်၉၀ဘိလပ်မြေစက်ရုံ)နှင့် ကြယ်လင်းအောင် (တောင် ကလေး)တို့ပူးတွဲသရေကျသည်။ အောင်ခိုင် (တန် ၉၀ ဘိလပ်မြေ စက်ရုံ)နှင့်၀ကြီး (နဂါးမာန်)တို့ ပွဲတွင် ငါးချီပြည့်ထိုးခဲ့ကြကာ၊ သရေဖြစ်ခဲ့သည်။ 

အောင်မြင့်ဌေး(မြို့တော်သတင်း)







အခြားဆက်စပ်သတင်းများ