နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေတိဂုံစေတီတော်မြတ်ကြီး ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ရန်ကုန်  မတ် ၅

လေးဆူဓာတ်ပုံရွှေတိဂုံ စေတီတော်မြတ်ကြီးတွင် စေတီ တော်ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က ကြီးမှူးကျင်းပသော ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့ညနေ ၄ နာရီက ရင်ပြင်တော်တောင် ဘက်မုခ်အနီးရှိ ဗဟိုမဏ္ဏပ်တွင် ကျင်းပသည်။

အခမ်းအနားတွင် ရွှေတိဂုံ စေတီတော်ရင်ပြင်ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း စုရပ်မှစတင်၍ ဘုရားအမှူးပြု သော ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ၏ ဩဝါဒါစရိယဆရာတော် ကြီးများနှင့် ပင့်သံဃာ ၁၁၇ ပါး၊ သီလရှင် ၂၇ ပါး၊ စုစုပေါင်း ၁၄၄ ပါးတို့က ရွှေတိဂုံစေတီတော် ရင်ပြင်လက်ယာရစ်တစ်ပတ် ဆွမ်းဆန်တော်ခံယူတော်မူကြ ရာ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်း မှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ဇနီး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဂေါပကအဖွဲ့ဝင်များ၊တိုင်း/ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊လူမှုကူညီရေးအသင်းအဖွဲ့များ၊ဘာသာရေးဝတ်အသင်းများ၊ အလှူရှင်များက ဆွမ်းဆန်တော် များလောင်းလှူကြသည်။

 ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ