နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂါရဝပြုလေးစားပါ မြတ်ဆရာ

မြန်မာ့လူဘောင်လောကတွင်  မျိုးဆက်သစ်လူငယ်များ  ၏   အနာဂတ်ဘဝရှင်သန်ဖွံ့ဖြိုးရေးအတွက်  စေတနာ၊ ဝါသနာ၊ အနစ်နာ၊ နာသုံးနာကိုအခြေခံပြီး မွန်မြတ်သည့် ပြုစုပျိုးထောင်ရေးလုပ်ငန်း   တာဝန်များကိုထမ်းဆောင် နေကြသော ဆရာ၊ ဆရာမများအား ရိုသေလေးစား တန်ဖိုး ထားကြသည်။ ယနေ့ကာလတွင်လည်း ဆရာကောင်း၊ ဆရာမြတ် တို့၏ ဂုဏ်ကျေးဇူးကိုမမေ့မလျော့မပေါ့သောအသိဖြင့် အာစရိယ ပူဇော်ပွဲများကို ကျင်းပလျက်ရှိသည်။

ယနေ့လူငယ်လူရွယ်များသည် အနာဂတ်ကို တည်ဆောက် ကြမည့် သားကောင်းရတနာများဖြစ်ကြရာ ဆရာ၊ ဆရာမများ ကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ခြင်းသည် အနာဂတ်သာယာ လှပရေးအတွက် ကြိုးပမ်းကြခြင်းပင်ဖြစ်သည်။

မိဘများသည်  မိမိတို့၏သားသမီးများအား   ထူးချွန်ထက်မြက် လိမ္မာရေးအတွက် ဆရာများထံအပ်နှံကာ ပညာရပ် အသီးသီးကို သင်ကြားစေခဲ့သည်။ ကံ့ကူလက်လှည့် ဆရာများ၏ သင်ကြား ပို့ချမှုကြောင့် တိုးတက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

 ကမ္ဘာ့နိုင်ငံအသီးသီး၌ ဖွံ့ဖြိုးတိုးတက်မှု၏အခြေခံအကျ ဆုံးဖြစ်သည့် လူသားအရင်းအမြစ်များ ပျိုးထောင်ရာတွင် ပဓာနကျသည့် ဆရာများ၏ ဂုဏ်ရည်၊ ကျင့်ဝတ်၊ သိက္ခာနှင့် ဂုဏ်ကျေးဇူးတို့ကို ဖော်ကျူးဂုဏ်ပြုနိုင်ရန် အနာဂတ်ကာလ တွင် လူ့ဘောင်အဖွဲ့အစည်းကလိုလားအပ်သော သားကောင်း ရတနာများ ပေါ်ထွန်းလာရေး၊ ဆရာကောင်း၊ ဆရာမြတ်များ ကမ္ဘာအနှံ့ပေါ်ပေါက်လာရန် လိုအပ်သည်။

 ရန်ကုန်တက္ကသိုလ်ဥပဒေပညာမိသားစုများ၏ ဒုတိယ အကြိမ် အသက် ၇၅ နှစ်နှင့်အထက် သက်ကြီးဆရာကြီး၊ ဆရာမကြီးများ ပူဇော်ကန်တော့ပွဲကို ဖေဖော်ဝါရီ ၂၈ ရက်က ရန်ကုန်တက္ကသိုလ်  Receration  Center ခန်းမ၌ ကျင်းပ သည်။ ကန်တော့ခံဆရာကြီး ဒေါက်တာတင်အောင်အေးနှင့် ဒေါက်တာဒေါ်သန်းနွဲ့တို့က  ဆုံးမဩဝါဒစကားများပြော ကြားခဲ့သည်။

 ဆရာ၊ ဆရာမများသည် ပညာသင်ကြားပေးသည့်သာမက စိတ်ဓာတ်၊ စည်းကမ်း၊ စံပြဖြစ်ရေး၊  ထူးချွန်ထက်မြက်သော နိုင်ငံ့သား ကောင်းသမီးမွန်ဖြစ်လာရေးတို့ကို ပြုစုပျိုးထောင် ပေးလျက်ရှိရာ ဖြူစင်သန့်ရှင်းမွန်မြတ်လှသည့် မေတ္တာ၊ ကရုဏာ၊ စေတနာ၊ ဝါသနာ၊ အနစ်နာတည်းဟူသော ကြန်အင်လက္ခဏာ ကောင်းများရှိသည့် မြတ်ဆရာတို့အပေါ် အစဉ်လေးစားဂါဝရ ပြုလျက်ရှိစေချင်ကြောင်း။        ။






အခြားဆက်စပ်သတင်းများ