နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးအသင်းကို တာဝန်ယူကိုင်တွယ်လိုကြောင်း ဖီရင်နုအသင်းနည်းပြ အာနီစလော့ ပြောကြား

ဧပြီ  ၂၈

လီဗာပူးအသင်းက နယ်သာ လန်ကလပ် ဖီရင်နုအသင်း နည်းပြ အာနီစလော့ကို နည်းပြ ကလော့ပ်နေရာတွင် အစားထိုး ရန် ကြိုးပမ်းနေကြောင်း သတင်း ထွက်ပေါ်ခဲ့ပြီးနောက် နည်းပြ အာနီစလော့က လီဗာပူးအသင်း ကို ကိုင်တွယ်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

လီဗာပူးအသင်း နည်းပြ ကလော့ပ်သည် ဘောလုံးရာသီ ကုန်ဆုံးပါက အသင်းမှထွက်ခွာ မည်ဖြစ်သောကြောင့် အသင်း တာဝန်ရှိသူများက နည်းပြသစ် ခန့်အပ်နိုင်ရန် အစောပိုင်းက စပို့တင်းလစ္စဘွန်း နည်းပြ အာမိုရင်နှင့် လေဗာကူဆင် အသင်း နည်းပြ အလွန်ဆိုတို့ကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ညှိနှိုင်းမှု အဆင်မပြေခဲ့သဖြင့် ယခုအခါ ဖီရင်နုအသင်းတွင် အောင်မြင်မှုများ ရရှိထားသည့် နည်းပြ အာနီစလော့ကို ခေါ်ယူ ရန် ဆွေးနွေးမှု ပြုလုပ်လျက်ရှိ သည်။

ဖီရင်နုအသင်းနှင့် လာမည့် ၂၀၂၆ ခုနှစ်မှ စာချုပ်သက်တမ်း ကုန်ဆုံးမည့် နည်းပြ အာနီ စလော့ကလည်း လီဗာပူးနှင့် ဖီရင်နုအသင်းတို့၏ ဆွေးနွေးမှု ကို စောင့်ဆိုင်းလျက်ရှိကာ ၎င်း အနေဖြင့် လီဗာပူးအသင်းကို တာဝန်ယူလိုကြောင်း ပြောကြား ခဲ့ပြီး နည်းပြ ကလော့ပ်ကဲ့သို့ အန်ဖီးလ်တွင် အောင်မြင်မှုများရရှိ ရန် မျှော်မှန်းထားသည်။   





သူရိန်






အခြားဆက်စပ်သတင်းများ