နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးနှင့်ဆေးဝါးအလှူ

လူတစ်ကိုယ်တွင် ကျန်းမာရေးသည်အရေးကြီးဆုံးဖြစ်သည်။  လူတွင်ကျန်းမာရေးထက်အရေးကြီးသော အရာမရှိနိုင်ပါ။ ကျွန်ုပ်တို့ နိုင်ငံတွင် အခမဲ့ဆေးဝါးကုသပေးမှုများ တိုးပွားလာလျက်ရှိသည်။ နေရေး၊ စားရေးထက် ဆေးဖိုးမရှိပါက မသက်သာသည့်အဆုံးရောက်မှသာ ဆေးရုံ၊ဆေးခန်းသွားကြရသည်။  ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူများနှင့်ဆင်းရဲသားပြည်သူများက အခမဲ့ဆေးကုပေးခြင်းကို မျှော်လင့်တောင့်တကြသည်။

 ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များဖြစ်သည့် ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြု များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် မတ် ၂ ရက်က ဂွမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၈၉၁ ဦးအား ယင်းမြို့ရှိ ရတနာသိဒ္ဓိဗိမာန်တော်၌အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှတာဝန် ရှိသူများက သွားရောက်၍ဆေးရုံရေယာဉ်ပေါ်ရှိ ခွဲစိတ်လူနာများနှင့် မျက်စိခွဲစိတ်လူနာများအား အာဟာရပြည့်စားသောက်ဖွယ်ရာများ လက်ဆောင်ပစ္စည်းများနှင့်မျက်မှန်များပေးအပ်သည်။ ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအပေါ် ဒေသခံပြည်သူများက ပါရဂူ၊ဆေးမှူး များ၊ ဆရာဝန်များ၊ သူနာပြုများအစုံအလင်ဖြင့် လာရောက်ကုသပေး သည့်အတွက် နိုင်ငံတော်အကြီးအကဲအပါအဝင် သက်ဆိုင်ရာတာဝန် ရှိသူများကို ကျေးဇူးအထူးတင်ရှိလျက်ရှိသည်။

 အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဆင်ဖြူ အင်းကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများကို အဆိုပါကျေးရွာရှိအခြေခံမူလတန်းကျောင်း၌ မတ် ၂ ရက်တွင် နယ်မြေခံဆေးကုသရေးအဖွဲ့များက  ဒေသခံပြည်သူ ၁၈၆ ဦးကို    ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရာ ပြင်ဦးလွင် တပ်နယ်မှတာဝန်ရှိသူများက သွားရောက်အားပေးပြီး လိုအပ်သည် များ ညှိုနှိုင်းဆောင်ရွက်ပေးသည်။ မတ် ၁ ရက်ကလည်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိ သူများသည် တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံ၌ မျက်စိခွဲစိတ်ကုသပြီး ပြည်သူများနှင့်ခွဲစိတ်ကုသမှုခံယူမည် ပြည်သူများအားသွားရောက် ကြည့်ရှုအားပေးစကားပြောကြားကာ၊ မျက်မှန်နှင့်စားစာရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 အခမဲ့ဆေးဝါးကုသပေးခြင်းကို နိုင်ငံတော်အပိုင်းကသာမက တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကလူမှုရေးအဖွဲ့အစည်း များကလည်း ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်လျက်ရှိသည်ကို သတိပြု မိပါသည်။ မျက်စိစမ်းသပ်ပေးခြင်း၊ မျက်မှန်အခမဲ့တပ်ဆင်ပေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်းအပါအဝင် အခြားသောနာတာရှည် ရောဂါများကို ကွင်းဆင်းကုသပေးလျက်ရှိသည်။ ဤသို့ အခမဲ့ဆေးဝါး ကုသပေးမှုများပေါ်ပေါက်လာခြင်းသည်   ပြည်သူလူထုအတွက် ဝမ်းမြောက်စရာပင်ဖြစ်သည်။ ပြည်သူများ၏ ကျန်းမာရေးအဆင့် အတန်းတိုးတက်လာစေရန် အခမဲ့ဆေးဝါးကုသမှုများ ဆေးဝါးအလှူ များကို တိုးမြှင့်ဆောင်ရွက်စေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ