နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်သူလယ်သမားများ စွမ်းအားဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်လာရေး ကြိုးပမ်း

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူ များဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ကျေးလက်ဒေသ လူနေမှုဘဝမြင့်မားရေးအခြေခံကျရာ ကျေးလက်ဒေသစီးပွားရေး ဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။ စိုက်ပျိုးရေးကိုအခြေခံထားသည့် နိုင်ငံဖြစ်၍ နိုင်ငံ၏ လူဦးရေနှင့်ထွက်ရှိသော စားနပ်ရိက္ခာများဖူလုံသည့်အပြင် အပိုအလျှံ များကို ပြည်ပသို့တင်ပို့ရောင်းချနိုင်သည်။

 တိုးတက်နေသော လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံပိုလျှံရေး လယ်ယာ၊ သားငါးကဏ္ဍအတွက် အရေးကြီးသောအချက်ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဦးတည်ချက် ၁၂ ရပ်တွင် " စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ထုတ်လုပ်မှုခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး"  ဟူသော စီးပွားရေး ဦးတည်ချက်လည်းပါဝင်ရာ ပြည်သူပြည်သားများ စားနပ်ရိက္ခာ ပြည့်စုံစွာစားသုံးနိုင်ရေး စိုက်ပျိုးရေးနှင့်မွေးမြူရေးမှစတင်ကြရမည် ဖြစ်သည်။ ယင်းတို့ကို ထုတ်လုပ်ပေးနေသည်မှာ တောင်သူလယ်သမားဦးကြီးများဖြစ်သည်။

 တောင်သူလယ်သမားဦးကြီးများသည် ပြည်သူများ၏ ကျေးဇူးရှင် ကြီးများဖြစ်သည်။  ထို့ကြောင့်  ခေတ်အဆက်ဆက်တောင်သူ လယ်သမားဦးကြီးများကို လေးစားဂုဏ်ပြုသည့်အနေဖြင့် မတ် ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့ အဖြစ်သတ်မှတ်ပေးကာ နှစ်စဉ် အဆိုပါနေ့တွင် တောင်သူလယ်သမားနေ့ နိုင်ငံတစ်ဝန်းကျင်းပလျက် ရှိသည်။

နိုင်ငံ့စီးပွားတိုးတက်မြင့်မားအောင်မြှင့်တင်ရာတွင် အဓိက အင်အားစုဖြစ်သော  တောင်သူလယ်သမားကြီးများ နေထိုင်ရာ ကျေးလက်ဒေသတွင် နိုင်ငံတော်အနေဖြင့် လူမှုစီးပွားဘဝမြင့်မား ရေး၊ ကျေးလက်သောက်သုံးရေနှင့်စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးလင်း ရေး၊ ကျေးလက်ကုန်ထုတ်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများ တိုးတက်ကောင်းမွန်ရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိသည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

 ယခင်ကရင်းနှီးမြှုပ်နှံအကောင်အထည်ဖော်ပေးခဲ့သော ဆည် တမံကြီးများ၊ မြစ်ရေတင်စီမံကိန်းများ၊ ဆောင်ရွက်ပြီး၊ ဆောင်ရွက် ဆဲ  ဆည်ရေသောက်စနစ်ရာနှုန်းပြည့်ပြီးစီးရေး အလေးထားဆောင် ရွက်ပေးနေခြင်း၊ ခေတ်နှင့်အညီ  ဆိုလာလျှပ်စစ်ရေတင်စနစ်များ ပြောင်းလဲကျင့်သုံးခြင်း၊ စိုက်ပျိုးရေးစရိတ်များ ထုတ်ချေးပေးခြင်း၊ ခေတ်မီစိုက်ပျိုး၊ မွေးမြူရေးနည်းစနစ်နှင့်စက်ပစ္စည်းများ အသုံးပြု နိုင်အောင် ပံ့ပိုးဖြည့်ဆည်းပေးခြင်း၊ ဘက်ပေါင်းစုံမှသွင်းအားစုများ ပံ့ပိုးပေးလျက်ရှိရာ ကျေးလက်ဒေသများ၏ မြင်ကွင်းများမှာ တိုးတက် ပြောင်းလဲလာလျက်ရှိသည်။

မြန်မာနိုင်ငံသည်သဘာဝမှပေးသည့် ရာသီဥတုအခြေအနေ ကောင်းများရရှိပိုင်ဆိုင်ထား၍ ရိုးသားကြိုးစားသော တောင်သူ လယ်သမားတို့၏ စွမ်းအားဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်နေ သည့် စိုက်ပျိုးရေးအခြေခံသည့် စက်မှုနိုင်ငံအဖြစ် ပြောင်းလဲပေါ်ထွန်း လာရေးကို အားကြိုးမာန်တက်စွမ်းဆောင်ရာတွင် အဓိကစွမ်းအားရှင်များ ဖြစ်ကြသည့် လယ်သမားဦးကြီးများကို ဂုဏ်ပြုအပ်ပေသည်။    ။







အခြားဆက်စပ်သတင်းများ