နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဓာတုပစ္စည်းများတင်ဆောင်လာသည့် ရထား တိမ်းမှောက်၊ တိရစ္ဆာန် လေးသောင်းကျော် သေဆုံး

အိုဟိုင်းယိုး ဖေဖော်ဝါရီ  ၂၅

အမေရိကန်ပြည်ထောင်စုအိုဟိုင်း ယိုးပြည်နယ်တွင် အန္တရာယ်ရှိ ဓာတု ပစ္စည်းများ တင်ဆောင်လာသည့် ရထားတစ်စီး တိမ်းမှောက်ရာ ရထား လမ်း ဘေးတစ်လျှောက် ကျက်စား နေသော တိရစ္ဆာန်အကောင်ရေ စုစု ပေါင်း ၄၃၇၀၀ ခန့် သေဆုံးသွား ကြောင်း   တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၄ ရက်တွင်  ပြောသည်။

ရထားလမ်းချော်ရာတွင် အသုံးပြု နိုင်သည့် အထူးကာကွယ်ရေးပစ္စည်း ကိရိယာများနှင့် သင့်လျော်သည့် ကာကွယ်ရေး စက်ကိရိယာများ မပါ ရှိသည့်အပြင် အန္တရာယ်ရှိ ဓာတု ပစ္စည်းများ တင်ဆောင်လာခြင်း ကြောင့် ရထားတွဲများ ရေထဲသို့ လမ်းချော်ကျဆင်းခြင်းသည် အလွန် အန္တရာယ်များကြောင်း အိုဟိုင်းယိုး ပြည်နယ် သဘာဝအရင်းအမြစ်ဌာန ညွှန်ကြားရေးမှူး မေရီမာ့ဇ် က ပြောသည်။ 

အိုဟိုင်းယိုးပြည်နယ် သဘာဝ အရင်းအမြစ်ဌာနသည် ရထားလမ်း ချော်မှု ဖြစ်ပွားသည့် ဒေသတလျှောက် သတ္တဝါများ သေဆုံးမှုကို လိုက်လံ စာရင်းကောက်ယူရာ ရေနေသတ္တဝါ ၂၉၃၈ ကောင်ကို တွေ့ရှိခဲ့ပြီး ၎င်းတို့ အနက် ၂,၂၀၀ သည် သေးငယ် သော ခြင်စားငါးများဖြစ်ပြီး ကျန် တိရစ္ဆာန်များသည် ငါး၊ ကုန်းနေ ရေနေ သတ္တဝါများနှင့် ကျောရိုးမဲ့ များသတ္တဝါများဖြစ်ကြောင်း သိရ သည်။

လက်ရှိတွင် အဆိုပါ ရထားလမ်း ချော်တိမ်းမှောက်မှုကြောင့် ဒေသတွင်း ဂေဟစနစ်ကို ထိခိုက်မှုများစွာရှိလာမည်ဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ