နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူငယ်နှင့် ယဉ်ကျေးလိမ္မာရေး

ယနေ့လူငယ်များသည် အနာဂတ်ကို ပုံဖော်ထုဆစ်ကြမည့်သူများ ဖြစ်သည်။ မိမိတို့တွင် အရည်အချင်းရှိမှ၊ ထူးချွန်ထက်မြက်မှ၊ ကိုယ်ကျင့်တရားကောင်းမှ မိမိတို့အနာဂတ်မှာ သာယာလှပပေမည်။ တိုးတက်မြင့်မားမည် ဖြစ်သည်။ နိုင်ငံ၏ အနာဂတ်ကို ပိုင်ဆိုင်ထား ကြသူများသည် ယနေ့လူငယ်လူရွယ်များ ဖြစ်သည်။ တစ်ချိန်က လူငယ်များသည် မိမိတို့၏ စွမ်းရည်ရှိသလောက် ထူးချွန်ထက်မြက်မှု ကြီးမားသလောက် မျက်မှောက်ကာလကို ပုံဖော်ထုဆစ်နိုင်ကြသည်။

ယနေ့လူငယ်လူရွယ်များသည် စာတော်ကြသည်။ ထူးချွန် ထက်မြက်ကြသည်။ သို့သော် စာရိတ္တနှင့် ယဉ်ကျေးမှုပိုင်းဆိုင်ရာတို့ တွင် များစွာ ယိုယွင်းလာသည်ဟု ထင်မြင်ယူဆမိသည်။ ဘုရား၊ ကျောင်းကန်များနှင့် ဝေးလာသည်။ လူကြီးသူမ အဆုံးအမများနှင့် စိမ်းလာသည်။ အနောက်ယဉ်ကျေးမှုကိုမက်မောပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ခုံမင်မှုမရှိတော့ပါ။ ကိုယ်ပိုင်ယဉ်ကျေးမှုအပေါ် တန်ဖိုးထားမှု လျော့နည်းလာလျှင် အမျိုးသားရေးစိတ်ဓာတ်ချည့်နဲ့ အားနည်းသွားမည် ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ကြီး၏ ညွှန်ကြားမှုဖြင့် နွေရာသီကျောင်းပိတ်ရက်များ တွင်သာမက သီတင်းကျွတ်ကျောင်းပိတ်ရက်၊ ဒီဇင်ဘာကျောင်းပိတ် ရက်များအပြင် အခြေအနေအချိန်အခါပေါ်မူတည်၍ ယဉ်ကျေးလိမ္မာ သင်တန်းများကို မြန်မာပြည်အနှံ့တွင် ဖွင့်လှစ်ခဲ့ပေသည်။

ယဉ်ကျေးလိမ္မာသင်တန်းသည် မြန်မာ့ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးစံများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးသော မွန်မြတ်သော လုပ်ငန်းကြီးလည်းဖြစ်သည်။ အနာဂတ်ကိုပိုင်ဆိုင် သည့် လူငယ်၊ လူရွယ်များသည် ယခုကဲ့သို့ ဖွင့်လှစ်သည့်ယဉ်ကျေး လိမ္မာသင်တန်းများကို အားကြိုးမာန်တက် တက်ရောက်သည်များ ကိုလည်း ဂုဏ်ယူဖွယ်တွေ့မြင်ရသည်။

အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များအနေ ဖြင့် တော်ရုံ၊ တတ်ရုံသာမက ကိုယ်ကျင့်တရားကောင်းမွန်ပြီး ယဉ်ကျေးလိမ္မာသည့် သားကောင်းရတနာများဖြစ်အောင် ကြိုးပမ်း အားထုတ်စေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ