နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဩစတြေးလျတွင် ငါးမိုးရွာသွန်း

ကမ်ဘာရာ  ဖေဖော်ဝါရီ  ၂၄

သြစတြေးလျနိုင်ငံ၊တာနာမိုင် သဲကန္တာရ အနီးရှိ လာဂျာမနူးမြို့တွင် နှစ်ပေါင်း ၅၀ အတွင်း လေးကြိမ်မြောက် ငါးမိုးရွာသွန်းကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ဒေသအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

ဩစတြေးလျ မြောက်ပိုင်းတွင် တည်ရှိသည့် လာဂျာမနူးမြို့သည် မိုးခေါင်သည့် မြို့ဖြစ်သော်လည်း လေးကြိမ်တိုင်  ငါးမိုးရွာချခြင်းများ ကြုံတွေ့ခဲ့ရပြီး ၁၉၇၄ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၄ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၀ ပြည့်နှစ်တွင် တစ်ကြိမ်နှင့် ယခု နောက်ထပ်တစ်ကြိမ်ရွာချခြင်း ဖြစ် ကြောင်း သိရသည်။

မြို့လေးသည် ငါးများရှိသည့် ရေကန်များနှင့် မိုင်ချီ ဝေးကွာနေသော် လည်း ဒေသခံများကမူ မြို့ထဲသို့ အားပြင်းသည့် မုန်တိုင်းတစ်ခု ဝင် ရောက်လာစဉ် ငါးအရှင်များသည် မိုးပေါ်က မိုးသီးမိုးပေါက်နှင့်အတူ စတင်ရွာကျလာခြင်း ဖြစ်ကြောင်း သက်သေဓာတ်ပုံများနှင့်တကွ ပြသ ထားသည်။

ယခုကဲ့သို့ ငါးမိုးရွာသွန်းခြင်း ဖြစ် စဉ်သည် ဟွန်ဒူးရပ်စ်နိုင်ငံတွင်လည်း နှစ်စဉ်ကြုံတွေ့ရပြီး အခြားသော ဒေသ အချို့တွင်လည်း ရံဖန်ရံခါဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။ 

(ref: Bloomberg)






အခြားဆက်စပ်သတင်းများ