နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး စနစ်တကျ လိုက်နာစေချင်

ရန်ကုန်မြို့တော်တွင် လူဦးရေတိုးတက်များပြားလာမှု၊ ယာဉ်စီး ရေတိုးတက်များပြားလာမှု၊ တစ်နိုင်ငံလုံးမှ ကုန်စည်များ စုစည်း ရောက်ရှိ၍ ကုန်သွယ်မှုထွက်ပေါက်ဖြစ်ခြင်း၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားများဆုံစည်းရာ မြို့တော်ဖြစ်ခြင်းတို့ကြောင့် ယာဉ်ကြော ကျပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရကလည်း  ရန်ကုန်မြို့တော်ကို မြို့တော်အင်္ဂါရပ်နှင့်အညီ ဖြစ်စေရန်လည်းကောင်း၊ မြို့တော်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ထိန်းသိမ်းရာတွင် အထောက် အကူဖြစ်စေရန် လည်းကောင်း၊ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းရေး၊ ခရီးသွားပြည်သူလူထု အဆင်ပြေစွာ ခရီးသွားလာနိုင်ရေး၊ လမ်း ကြောများ ချဲ့ထွင်ပေးခြင်း၊ ခရီးသည်ပို့ဆောင်ရေးယာဉ်များ၊ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာနိုင်ရေး၊ ခရီးသည်များကို ကောင်းမွန်သောဆက်ဆံမှုနှင့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာစည်းကမ်းထိန်းရေးအဖွဲ့ များက ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပညာပေးရေးနှင့် စစ်ဆေးအရေးယူ ရေး ဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၂ ရက်၊ နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ ၃ ၌ ကျင်းပရာ တိုင်းဒေသကြီး ပညာပေးရေးနှင့် စစ်ဆေး အရေးယူရေး ဆပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆပ်ကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ခရိုင်အသီးသီးမှ တာဝန်ရှိသူများက ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး ဆောင်ရွက်နေမှုများကို ပြန်လည်တင်ပြရန်၊ YBS ကားများ၊ မီးရထားများ၊ City Taxi များတွင် စတေကာကပ်ခြင်းနှင့် ဆေးရောင်ခြယ်ခြင်း ကြော်ငြာပုံစတေကာ များ ခွာပေးရန်၊ CCTV မတပ်ရသေးသော YBS ယာဉ်များနှင့် CCTV ပျက်စီးချို့ယွင်းနေသော YBS ယာဉ်များကို CCTV ပြန်လည်တပ်ဆင် ပေးရန်၊ တက္ကသိုလ်များ၊ ကျောင်းများ၊ ယာဉ်မောင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးရန် ထည့်သွင်းမှာကြားခဲ့သည်။

ဆပ်ကော်မတီအတွင်းရေးမှူးက ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း ဖောက်ဖျက်သော ယာဉ်များ၊ လိုင်စင်မဲ့ မော်တော်ယာဉ် များ အရေးယူဆောင်ရွက်ထားမှုအခြေအနေများ ရှင်းလင်းတင်ပြ ကြသည်။ သို့ဖြစ်ရာ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တော် ကြီး၏ လမ်းများပေါ်တွင်  အကျည်းတန်အရုပ်မဆိုးအောင် မြို့တော်သူ မြို့တော်သားများအနေဖြင့် ကိုယ်စီအသိစိတ်ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ဝိုင်းဝန်းကူညီ လိုက်နာ ဆောင်ရွက်ကြရန် အသိပေးနှိုးဆော် တိုက်တွန်းရပေသည်။ 






အခြားဆက်စပ်သတင်းများ