နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာကာသခရီးသွားနိုင်မည့် မိုးပျံပူဖောင်းကို ဂျပန်တီထွင်

တိုကျို   ဖေဖော်ဝါရီ   ၂၃

ဂျပန်နိုင်ငံရှိ နည်းပညာကုမ္ပဏီ တစ်ခုသည် မကြာမီအချိန်အတွင်း မိုးပျံ ပူဖောင်းများစီးကာ အာကာသအတွင်း ခရီးသွားနိုင်မည့် အစီအစဉ်တစ်ခုကို ဖေဖော်ဝါရီ ၂၂ ရက်က ကြေညာလိုက် သည်။

အဆိုပါ အာကာသခရီးစဉ်ကို ဂျပန် နိုင်ငံမြောက်ပိုင်းဆာပိုရိုမြို့ အခြေစိုက် IwayaGiken ကုမ္ပဏီက အကောင် အထည်ဖော်လိုက်ခြင်းဖြစ်ပြီး ယင်းစီမံ ကိန်းကို ၂၀၁၂ ခုနှစ် ကတည်းက လုပ်ဆောင်ခဲ့ကာလက်ရှိတွင်အမြင့် ၂၅ ကီလိုမီတာအထိတက်နိုင်သည့်လေလုံထိုင်ခုံ နှစ်ခုပါ မိုးပျံပူဖောင်းတစ်ခုကို တီထွင်ထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါမိုးပျံပူဖောင်းကို လိုက်ပါ စီးနင်းသည့် ခရီးသည်များအနေဖြင့် အာကာသထဲထိ ရောက်မည်မဟုတ် သော်လည်း လက်ရှိအမြင့်သည် ဂျက် လေယာဉ်တစ်စီးပျံသန်းသည့်အမြင့် ထက်ပိုမြင့်ခြင်းကြောင့် အာကာသ အပြင်ပိုင်းကို အတားအဆီးမရှိမြင်နိုင် ကြောင်း သိရသည်။

အာကာသခရီးစဉ်လိုက်ပါမည့်ခရီး သည်များသည် လေ့ကျင့်ရေးများ ပြု လုပ်ရန်မလိုအပ်သည့်အပြင် လက်မှတ် ဈေးနှုန်းများကိုလည်း သင့်တင့်စွာ သတ်မှတ်မည်ဖြစ်ကြောင်း၊ အာကာသ မိုးပျံပူဖောင်းခရီးစဉ်အတွက် လျှောက် လွှာများကို ယခုအချိန်မှစ၍ ဩဂုတ် လကုန်ပိုင်းအထိ ဆက်လက် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်များကိုမူ ရာသီဥတုအခြေ အနေပေါ်မူတည်ပြီးတစ်ပတ်ခြားတစ်ခါ ထွက်ပေးရန်စီစဉ်ထားကြောင်း ကုမ္ပဏီ တာဝန်ရှိသူများက ပြောသည်။

(ref:BBC)






အခြားဆက်စပ်သတင်းများ