နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နျူကလီယားလက်နက် လျှော့ချရေးစာချုပ် ရုရှားရပ်ဆိုင်း

မော်စကို ဖေဖော်ဝါရီ  ၂၂

အမေရိကန်နှင့် ချုပ်ဆိုထားသည့် နျူကလီယား လက်နက် လျှော့ချရေး စာချုပ်ကို ရုရှားက ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်တွင် ကြေညာသည်။

ယူကရိန်း ပဋိပက္ခကိုအားပေး နေခြင်းကြောင့် ပဋိပက္ခ ဒဏ်ခံကြ ရသူများအတွက် အနောက်နိုင်ငံ ‌ခေါင်းဆောင်များတွင်  တာဝန်ရှိ ကြောင်း၊ ထို့ကြောင့် အမေရိကန်နှင့် နျူကလီယား လက်နက် ဆိုင်ရာစာချုပ် ကို ရပ်ဆိုင်းလိုက်ခြင်းဖြစ် ကြောင်း ရုရှားသမ္မတ ပူတင်က ဆိုသည်။

အနောက်နိုင်ငံများသည် ရုရှားနှင့် ဆက်ဆံရေးကို အဆုံးသတ်လိုသည်ဟု ယူဆရသောကြောင့် ရုရှားအနေဖြင့် မဟာ ဗျူဟာလက်နက်လျှော့ချရေး စာချုပ် (START) အသစ်ကို ရပ်လိုက်ရ ခြင်း ဖြစ်ကြောင်း သမ္မတ ပူတင်က ပြောသည်။

အဆိုပါစာချုပ်ကို ၂၀၂၆ ဖေဖော်ဝါရီ ၄ ရက်အထိ သက်တမ်းတိုးထားရန် အမေရိကန်နှင့် ရုရှားတို့က သဘောတူ ထားကြခြင်းဖြစ်ပြီး ရုရှားက စတင် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။   

(ref: Reuters)







အခြားဆက်စပ်သတင်းများ