နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးဇီလန် မုန်တိုင်းအတွင်း ပျောက်ဆုံးသူ ၅၀၀၀ ကျော်ရှိ

ဝယ်လင်တန် ဖေဖော်ဝါရီ ၂၀

နယူးဇီလန်  မြောက်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့်  ဂါဘရီလီ မုန်တိုင်းကြောင့် လူပေါင်း ၅၀၀၀ ကျော် ပျောက်ဆုံးနေပြီး သေဆုံးသူ ၁၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ဂါဘရီလီမုန်တိုင်းသည် ဖေဖော်ဝါရီ ၁၂ ရက်တွင်  စတင်တိုက်ခတ်ခြင်း ဖြစ်ကာ  အရှေ့ဘက် ကမ်းရိုးတန်း၌ လည်း ပျက်စီးဆုံးရှုံးမှု အလွန် များခဲ့ပြီး ရာစုနှစ်အတွင်း အဆိုးရွားဆုံးဖြစ် သည်ဟု အာဏာပိုင်များက ဆိုသည်။

သေဆုံးသူ ၁၁ ဦး ရှိလာချိန်၌ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေသူ ၅,၆၀၈ ဦးအထိ ရှိနေကာ ကယ်ဆယ် ရေး လုပ်ငန်းများကို အရှိန်မြှင့်ဆောင် ရွက်လျက်ရှိသော်လည်း  နိုင်ငံတွင်း လူပေါင်း ၆၂,၀၀၀ ခန့် သည် လျှပ်စစ် မီးမရဘဲ နေထိုင်နေရကြောင်း သိရ သည်။

ဝန်ကြီးချုပ်ဟစ်ပ်ကင်၏ ပြော ကြားချက်အရ လက်ရှိတွင်  ဦးစားပေး အစီအစဉ်များဖြင့် ကယ်ဆယ်ရေး ဆောင်ရွက်နေပြီး မြောက် ပိုင်းဒေသသို့ ဦးစားပေးကူညီမည်ဖြစ်ကြောင်း သိရသည်။                 

(ref : Reuters)






အခြားဆက်စပ်သတင်းများ