နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမှတ် ၂ အခြေခံပညာမူလတန်းကျောင်းဝင်း အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေး

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေး (မြောက်) ရပ်ကွက်၊ သိမ်ဖြူလမ်းတိုရှိ အမှတ် ၂ အခြေခံပညာမူလတန်းကျောင်းဝင်း    အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် ဖေဖော်ဝါရီ ၁၈ ရက်၊ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးတို့ကြီးကြပ်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၁၀၀  ဦးဖြင့် စနေနေ့ အထူးစုပေါင်းလုပ်အားပေး ဆောင်ရွက်ကြရာ ကျောင်းဝင်းအတွင်း သစ်ပင်အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုး ကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်တုံးသစ်ကိုင်းခြောက်များ ရှင်းလင်းခြင်း၊ သစ်ရွက် ခြောက်ကြွေများ၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ ကျောင်းတွင်း၊ ကျောင်းပြင် အမှိုက်များသိမ်းဆည်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိ အမှိုက်များကို ယာဉ် ခုနစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask)များ ပေးဝေခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များပေးဝေခြင်းတို့ စုပေါင်းအလုပ်အားပေး ဆောင်ရွက်ကြစဉ်။   

 ယဉ်မွန်






အခြားဆက်စပ်သတင်းများ