နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်သူလယ်သမားများ အားထားရမည့်သွင်းအားစုများနှင့် စက်ကိရိယာများ တိုးမြှင့်သုံးစွဲ

မြန်မာနိုင်ငံသည် ဆန်စပါး အဓိကစိုက်သည့် နိုင်ငံဖြစ်၏။ ထို့အပြင် ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲအမျိုးမျိုး စိုက်ပျိုး လာကြသည်။ အထူးသဖြင့် ရေကောင်း၊ မြေကောင်းသည့်နေရာများ တွင် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဖြူးပေးခြင်းနှင့် မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်းတို့ကို ဦးစားပေး ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးကို အထူးအလေးထားအားပေး နေခြင်းကြောင့် တောင်သူလယ်သမားတို့၏ လူမှုစီးပွားရေးဘဝ ရှင်သန်မှုသည် ယခင်အခြေအနေများနှင့်မတူ တိုးတက်ကောင်းမွန် လာ၏။ နိုင်ငံတော်အနေဖြင့် ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာရေးအတွက် အထူးအလေးထား ဆောင်ရွက်နေခြင်းပင် ဖြစ်သည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။

မြန်မာ့လယ်ယာကဏ္ဍသည် စက်မှုလယ်ယာခေတ်ကို ဦးတည် လျှောက်လှမ်းနေပြီဖြစ်သည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ရင်းနှီးငွေချေးယူနိုင်သည့် အခွင့်အလမ်းများ ပေါ်ထွန်းလာနေပြီ ဖြစ်သည်။ လယ်ယာလုပ်ငန်းသုံးစက်ကိရိယာများ အသုံးပြုလာကြ သဖြင့် တောင်သူလယ်သမားတို့ စက်စွမ်းအားပြည့်၊ လူစွမ်းအားပြည့် အသုံးချတတ်လာ၏။

ယင်းသို့ ပြောင်းလဲသုံးစွဲရာတွင် ရာသီလည်းမီ၊ အလုပ်လည်း တွင်၊ အလေအလွင့်လည်း နည်း၊ လုပ်သားရှားလည်း ပူစရာမလို၊ အရင်းအတွက် ပူစရာများမရှိအောင် တောင်သူများ လိုအပ်ချက်ဖြစ် သည့် လယ်ယာသုံး၊ လုပ်ငန်းသုံးစက်ကိရိယာများကို နိုင်ငံတော် စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူများအား လယ်ယာ ဝန်ဆောင်မှုများပေးနိုင်ရန် လယ်ယာဝန်ဆောင်မှုအသင်းများက ရိတ်သိမ်းခြွေလှေ့စက်၊ ထွန်စက်များကို ဖြည့်တင်းပေးထားသည်။

ယင်းအပြင် နွေစပါးနှင့် ဆောင်းသီးနှံစိုက် အကျိုးဆောင် တောင်သူများအား ယူရီးယားနှင့် ရွက်ဖျန်းဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်း၊ သဘာဝမြေဩဇာအချိုးကျ ရောစပ်ကြဲပက် ခြင်း၊ ကွင်းသရုပ်ပြပွဲများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

တောင်သူလယ်သမားများအနေဖြင့် ရေကောင်း၊ မြေကောင်း၊ အ‌ခြေခံကောင်းများကို လက်လွတ်မခံဘဲ ဒေသဝမ်းစာဖူလုံရေးကို အထောက်အပံ့ဖြစ်စေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး အသက်မွေး ဝမ်းကျောင်းလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း များ မိမိ မိသားစုဝင်ငွေတိုးပွားရေး ကြိုးပမ်းစိုက်ပျိုးကြစေချင် ကြောင်း။        ။






အခြားဆက်စပ်သတင်းများ