နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန စိုက်ပျိုးရေးအတွက် အကျိုးပြုဧကပေါင်း ၁၀၁၀၀၀၀ ကျော် နှစ်စဉ်အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်

ရန်ကုန်  ဖေဖော်ဝါရီ ၂၀                         

ရန်ကုန်တိုင်း ဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့်  ရေပေးဝေရေး၊ ရေကြီးနစ်မြုပ်မှု ကာကွယ်ရေး၊ မြေနိမ့်ပိုင်း စိုက် ကွင်းများသို့ ရေငန်ဝင်ရောက်မှု တားဆီးရေး လုပ်ငန်းများ       ကို ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်က တည်ဆောက်ပေး ထားသည့် ရေလှောင်တမံကိုးခု၊ ရေဘေးကာကွယ်ရေးနှင့် ရေငန် တား တာတမံများ စုစုပေါင်း ၄၉ ခု၊ ရေထိန်းတံခါး  ၁၆၀ ခုနှင့် လျှပ်စစ် မြစ်ရေတင်လုပ်ငန်း ၂၂ ခုတို့ဖြင့်၊ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း အကျိုးပြုဧကပေါင်း ၁၀၁၄၇၇၆ ဧက အကျိုးဖြစ်ထွန်း စေရန် နှစ်စဉ်ထိန်းသိမ်း ပြုပြင် ခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်လျက်ရှိ ရာ ငမိုးရိပ်ရေလှောင်တမံ၊ တဘူးလှ ရေလှောင်တမံ၊ ပေါင်းလင်း ရေလှောင်တမံ၊ မဟူရာ ရေလှောင်တမံ၊ လဂွမ်းပြင် ရေလှောင်တမံ၊ ဘန့်ဘွေးကုန်း ရေလှောင်တမံ၊ ကလီထော် ရေလှောင်တမံနှင့် တောင်လုံးမြောင် ရေလှောင်တမံတို့က အကျိုးပြု ဧကပေါင်း ၇၉၀၂၂ ဧက၊ တာတမံ ၄၉  ခုမှ အကျိုးပြု ဧကပေါင်း ၃၅၀၁၄၄ ဧက၊ ရေနုတ်မြောင်း ၈၅ ခုဖြင့် အကျိုးပြု ဧကပေါင်း ၃၅၇၅၅၀ ဧက၊ ရေတံခါး ၁၆၀ ခုဖြင့် အကျိုးပြု ဧကပေါင်း ၂၀၃၅၄၂၊  လျှပ်စစ် မြစ်ရေတင်လုပ်ငန်း ၂၂ ခုဖြင့် အကျိုးပြုဧကပေါင်း ၂၄၅၁၈ ဧကတို့ကို ရေရရှိရေး ဆောင်ရွက် ပေးလျက်ရှိသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း စိုက်ပျိုးရေးကဏ္ဍတွင် ဆည်ရေကိုအကျိုးရှိစွာ အသုံး ပြုနိုင်စေရန်အတွက် ရေအသုံး ချသူ တောင်သူများအားလုံး ပါဝင်သော ဆည်ရေစီမံခန့်ခွဲ ရေးစနစ်ကို အကောင်အထည် ဖော်နိုင်ရန်အတွက်၊ ရန်ကုန် တိုင်းဒေသကြီးတွင် တောင်သူ ဦးရေ သုံးထောင်ကျော်ဖြင့် ရေအသုံးချသူများအဖွဲ့ကို ဖွဲ့ စည်းပေးထားပြီး ရေအသုံးချသူ တောင်သူများကိုယ်တိုင် ပူးပေါင်း ပါဝင်ဆောင်ရွက်သည့်  အလေ့ အထကောင်းများဖြင့် ပူးပေါင်း ပါဝင်သည့် ဆည်မြောင်းစနစ်ကို ထူထောင် ကျင့်သုံးလျက်ရှိ သည်။

ဆည်ရေ အသုံးချရာတွင် မြောင်းမကြီး၊ လက်တံမြောင်း သို့မဟုတ် လက်ခွဲမြောင်းများက တိုက်ရိုက်ရေပေးပြီး လယ်ကြား မြောင်းများမှ လယ်ရေသောက် ဧရိယာဧက ၁၀၀  တွင်ပါဝင်သည့်  တောင်သူဦးရေ အနည်းဆုံး ၅၀ ဦးအောက် တောင်သူမျာဖြင့် ဖွဲ့စည်းထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နွေစပါးနှင့် ဆောင်းသီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး အတွက်၊ ရေပေးဝေခြင်းနှင့် ရေရရှိရေးလုပ်ငန်းများ၊ သန်လျင် မြို့နယ်၊ ကျောက်တန်းမြို့နယ် များသို့ သောက်သုံးရေပေးဝေ ခြင်းလုပ်ငန်းများ၊ မိုးစပါးနှင့် ဒေသတွင်းရေးကြီး နစ်မြုပ်မှု လျော့နည်းစေရေး လုပ်ငန်းများ နှင့်   ရေဘေးကာကွယ်ရေး လုပ်ငန်းများကိုလည်း ဆောင် ရွက်လျက်ရှိကြောင်း သိရ သည်။           

နန္ဒာဆွေ (မြို့တော်)







အခြားဆက်စပ်သတင်းများ