နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
DooGee S88 Pro စမတ်ဖုန်းကို ကြေညာ

ဇွန်  ၁၈


DooGee S88 Pro စမတ်ဖုန်းကို ကြေညာလာပြီဖြစ်ပြီး အဆိုပါဖုန်းမှာ မျက်နှာပြင် ၆ ဒသမ ၃ လက်မ 1080p ရုပ်ထွက်သုံးထားကာ Gorilla Glass မှန်နှင့် ကာကွယ်ပေးထားသည်။ MediaTekHelio P70 ၊ RAM6GB နှင့် ပါဝါထောက်ပံ့ထားကာ Storage 128GB ပါဝင်သည်။


ကျောဘက်ကင်မရာသုံးလုံးပါဝင်ပြီး အဓိကကင်မရာက 21MP Sony IMX230 Sensor ဖြစ်ကာ ဗီဒီယိုရိုက်ကူး မှုကို 4K@30fps ဖြင့် ပြုလုပ်နိုင်သည်။ ဒုတိယကင်မရာက ၁၂၀ ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်သည့် 8MP ကင်မရာဖြစ်ပြီး တတိယကင်မရာက 8MP Depth ဖြစ်သည်။ ရှေ့ကင်မရာက 16MP ဖြစ်ပြီး Waterdrop Notch မှာ ထည့်သွင်းထားသည်။

ကျောဘက်မှာ Iron Man ဒီဇိုင်းအဖြစ် LED နှစ်လုံးကို မျက်လုံးနှစ်လုံးပုံစံဖြင့် ထည့်သွင်းထားသည်။ လက်ဗွေရာစနစ်ကိုလည်း ဘောင်မှာထည့်သွင်းထားကာ NFC စနစ်လည်း ပါဝင်သည်။


ဘက်ထရီ 10000 mAh ပါဝင်ကာ Standby အဖြစ် တစ်လအထိ ထားနိုင်ပြီး 3D ဂိမ်းကစားမှုကို ၁၉ နာရီအထိ ပြုလုပ်နိုင်သည်။ ဖုန်းပြောဆိုမှု၊ သာမန် ဆိုရှယ်မီဒီယာသုံးသူများအနေဖြင့်လည်း ၇ ရက်မှ ၈ ရက်အထိ သုံးနိုင်သည်။

DooGee S88 Pro ကို အကြမ်းခံနိုင်အောင် တည်ဆောက်ထားပြီး IP69K လည်း ရရှိကာ အပူဒဏ်၊ ဖိအားဒဏ် လည်း ခံနိုင်ရည်ရှိသည်။ ဖုန်းမှာ Android 10 လည်း တစ်ပါတည်း ပါဝင်သည်။


DooGee S88 Pro ကို ကြိုတင်အမှာလက်ခံနေပြီဖြစ်ပြီး ဇွန် ၂၁ ရက်တွင် စတင်ရောင်းချပေးသွားမည်ဖြစ် သည်။ ဈေးနှုန်းအနေဖြင့် ဒေါ်လာ ၂၀၀ သတ်မှတ်ထားသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ