နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသုံးကုန်ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ရှောင်တခင်စစ်ဆေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ ပြည်သူ့ ကျန်းမာရေးဌာနသည် ပြည်သူ များ သုံးစွဲသည့် လူသုံးကုန်ဆေးဝါး များ ဘေးအန္တရာယ်ကင်းရှင်းစေ ရေးအတွက် ဆေးဝါးထုတ်လုပ် သည့် ကုမ္ပဏီများ၊ ဆေးဆိုင်များ ကို ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာကိုကို ထွန်း ဦးစီးအဖွဲ့သည် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများနှင့် လိုက်ပါ၍ တောင်ဥက္ကလာပမြို့နယ်၊ သစ္စာ လမ်း၊ ၆ ရပ်ကွက်၊ အမှတ် ၃၀ တွင် ဖွင့်လှစ်လုပ်ကိုင်နေသည့် Fekecin Health Management Co.,Ltd ၏ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ သို့ လူသုံးကုန်ဆေးဝါး (ဖြည့်စွက် အာဟာရ) ရောင်းချနေသည့် ကုမ္ပဏီအား   ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ် သည်များ ကြပ်မတ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။          

ယဉ်မွန်






အခြားဆက်စပ်သတင်းများ