နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြိုင်ဆိုင်မှုများနှင့် တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်

၂၁ ရာစုခေတ်ကြီးသည် အရာရာ နေ့ချင်း၊ ညချင်း တိုးတက် ပြောင်းလဲနေသော ခေတ်မြန်ကြီးပင်ဖြစ်၏။ တိုးတက်မှုမြန်ဆန်ရ ခြင်း၏ အဓိကအကြောင်းအရင်းသည် ကမ္ဘာအရပ်ရပ်တို့တွင်          ပြိုင်ဆိုင်မှုကြီးထွားလာခြင်းကြောင့် ဖြစ်သည်။

လောက၌ ကောင်းသောယှဉ်ပြိုင်မှုတိုင်းသည် တိုးတက်ကြကုန် ၏။ အကောင်းကိုယှဉ်ပြိုင်သော အရာဟူသမျှသည် အကောင်းကို ဖြစ်စေ၏။ တစ်နည်းအားဖြင့် တိုးတက်ကြီးပွားခြင်းကို ဖြစ်စေနိုင် ၏။ နိုင်ငံတစ်နိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး ခြင်းသည် လူတစ်ဦးချင်း၊ မိသားစုတစ်စုချင်း၊ လူမှုစီးပွားဘဝ တိုးတက်လာရုံသာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်လည်းများစွာ အထောက်အကူပြုလျက်ရှိသည်။

စည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ၏ အေးချမ်းတည်ငြိမ် မှုနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အရေးကြီး သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသော မောင်းနှင် အားဖြစ်သည်။

မျက်မှောက်ကာလတွင် နိုင်ငံတိုင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အားများ ခိုင်မာတောင့်တင်းမှသာ နိုင်ငံတကာ နှင့် ရင်ပေါင်တန်းနိုင်မည်ဖြစ်ရာ ပြည်တွင်းအင်အား ခိုင်မာတောင့် တင်းအောင် တည်ဆောက်ကြရပေမည်။

ယနေ့ခေတ်တွင် ပြိုင်ဆိုင်ခြင်းသည် ပြိုင်ဆိုင်သူများကိုသာ အကျိုးဖြစ်စေသည်မဟုတ်၊ ပြည်သူလူထုကိုလည်း ကောင်းကျိုးပေး ၏။ သို့သော် ပြိုင်ဆိုင်တုပခြင်းကို အတွေးသစ်၊ အကြံသစ်တို့ဖြင့် သာလွန်ကောင်းမွန်အောင် ဆောင်ရွက်ကြမည်ဖြစ်သည်။ ပြိုင်ဆိုင် တုပခြင်းသည် အတုအဆင့်၌ရှိ၍ အစစ်ဖြစ်မလာနိုင်ပါ။ အခြေခံ အတုကိုအကြောင်းပြု၍ ကိုယ်ပိုင်ဖန်တီးမှ အစစ်ဖြစ်လာနိုင်ပေ သည်။ ရှိရင်းစွဲကိုအခြေခံပြီး ပိုမိုကောင်းမွန်အောင် ပြန်လည်မွမ်းမံ ရပါသည်။ ပြိုင်ဆိုင်တုပခြင်းတွင် တီထွင်မွမ်းမံခြင်းမရှိက အစစ် မဖြစ်နိုင်တော့ပါ။ 

နယ်ပယ်တစ်ခုတွင် သုတေသနရလဒ်တစ်ခုသည် နှစ်ပေါင်း များစွာ အကျိုးပြုနိုင်ပေသည်။ သုတေသနရလဒ်ဆိုသည်မှာ သဘာဝတရားတွင် တိမ်မြှုပ်နေသော စွမ်းရည်တစ်ခုကို လူသား အကျိုးပြုဖြစ်လာအောင် စွမ်းဆောင်ခြင်းပင်ဖြစ်သည်။ ၎င်းအပေါ် ဆင့်ကာ ဆင့်ကာ သုတေသနပြုခြင်းဖြင့် လူ့လောကကိုအံ့သြဖွယ် ပြောင်းလဲသွားစေနိုင်သည်။ ကောင်းသော ပြိုင်ဆိုင်မှုဖြင့် လုပ်ကိုင် ခြင်းဖြင့် တိုးတက်မှုကို ရှာဖွေစေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ