နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေပြည်သာမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်

 ရွှေပြည်သာမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် ဖေဖော်ဝါရီ ၄ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၁၂၀ ဦးဖြင့် အမှတ် ၅ နှင့် အမှတ် ၆ ရပ်ကွက်၊ ဘုရင့်နောင်လမ်း(ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ စစ်တောင်းလမ်း) တစ်လျှောက် လမ်းဘေးဝဲယာရှိ မြက်ပင်ချုံနွယ်များရှင်းလင်းခြင်း၊ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များလှည်းကျင်းသိမ်းဆည်းခြင်း၊ အရိပ်ရပင်များ၏ အောက်တက်များရှင်း လင်းခြင်း၊အုပ်မိုးကိုင်းများ ပုံသွင်းဖြတ်ညှိအလင်းဖွင့်ခြင်း၊ အမက - ၁၆ ကျောင်းဝင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း၊ ကျောင်းဝင်းအတွင်း၊ အပြင်သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို စနေစုပေါင်းလုပ်အားပေးဆောင်ရွက် ကြစဉ်။

ယဉ်မွန်






အခြားဆက်စပ်သတင်းများ