နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန့်ရှင်းသာယာသော မြို့ရွာများဖြစ်စေရေး စုပေါင်း ကြိုးပမ်းဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ အားလုံးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီ ညွှတ်ညွှတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ်စနေနေ့တိုင်း မိမိတို့၏မြို့၊ ရွာဒေသများ သန့်ရှင်းသာယာလှပရေးကို အားတက် သရောဆောင်ရွက်လျက်ရှိကြသည်။

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ် ၁၅၄ မြို့နယ်များရှိ ဘုရား၊စေတီ ပုထိုးများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ အခြေခံပညာကျောင်း များ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့်လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊  အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့  ဝင်များနှင့်  မီးသတ်တပ်ဖွဲ့ဝင်များက   ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း ရေစီးရေလာ ကောင်းမွန်ရေး၊ ရေနုတ်မြောင်းများတူးဖော်ခြင်းနှင့်ခြင်ဆေးဖျန်းခြင်း တို့ကို ဆောင်ရွက်ကြသည်။

သွေးလွန်တုပ်ကွေးအန္တရာယ်မှကာကွယ်ရန် အရေးကြီးဆုံး သော အချက်မှာ မိမိတို့သားသမီးများ ခြင်အကိုက်မခံရအောင် အထူးသတိပြုကာကွယ်ခြင်းပင်ဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါကို  ဖြစ်စေသည့်ခြင်များ မိမိတို့အိမ်၊ ရုံး၊ ကျောင်းပတ်ဝန်းကျင်တွင် ပေါက်ပွားခြင်းမရှိစေရန် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများက အထောက်အကူပြုသည်။ သွေးလွန်တုပ်ကွေးရောဂါကိုဖြစ်စေသည့် ခြင်သည် ရေကြည်ရေသန့်တွင် ပေါက်ပွားတတ်သောကြောင့် သက်ဆိုင်ရာဌာနများက အဘိတ်ဆေးခတ်ခြင်း၊ ခြင်ထောင် ဆေးစိမ် ခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ မိမိ ပတ်ဝန်းကျင်တွင် ချုံနွယ်၊ အမှိုက်သရိုက်များရှင်းလင်းခြင်း၊ လေဝင်  လေထွက်ကောင်းမွန်အောင်စီမံခြင်းကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်  သင့်သည်။

သန့်ရှင်းသာယာသောမြို့၊  ရွာများဖြစ်စေရေး၊  ဒေသခံ ပြည်သူများ သက်ဆိုင်ရာဌာနများနှင့်အတူ  အားကြိုးမာန်တက် စုပေါင်းဆောင်ရွက်ခြင်း အလေ့အထကို ကြိုးပမ်းဆောင်ရွက်စေချင်ကြောင်း။  






အခြားဆက်စပ်သတင်းများ