နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဇွန် ၁၇


‌ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဇွန် ၁၇ ရက်နေ့က မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း၍ သစ္စာလမ်းမကြီးရှိ ရန်ကုန်မြို့ပတ် မီးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (အရှေ့ခြမ်း) မီးရထားလမ်းနှင့် ကားလမ်းဆက်စပ်‌နေသော နေရာအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့  ၆ ခန်းတွဲ  ၄ ထပ်‌ ဝန်ထမ်းနေအိမ် တည်ဆောက်နေမှုလုပ်ငန်း၊ ပဒေသာအားကစားကွင်းအား မီတာ(၄၀၀) ပြေးလမ်းတည်ဆောက်ခြင်းလုပ်ငန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန  ၄ ထပ် အားကစားသမား အိပ်ဆောင်၊ လေ့ကျင့်ဆောင်၊ စားရိပ်သာ ဆောက်လုပ်ခြင်း လုပ်ငန်း၊ အ.ထ.က(၁) ကျောင်း၌ ပေ(၁၀၀x၃၀) RCC  ၂ ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုလုပ်ငန်း၊ အမှတ်(၇)ရပ်ကွက်ရှိ အားကစားကွင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် စာဂလမ်းမကြီး လမ်းခင်းခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြစဉ်။


နေထက်အောင်






အခြားဆက်စပ်သတင်းများ