နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်တွင် တစ်လအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ တစ်သောင်းကျော် ရှိ

ဂျပန်နိုင်ငံ၌ ကိုဗစ်ကြောင့် ဇန်နဝါရီ အတွင်း သေဆုံးသူဦးရေ ၁၀,၁၂၄ ဦးရှိလာကာ ပထမဆုံးအကြိမ်အနေဖြင့် တစ်လအတွင်း တစ်သောင်းအထက် ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရ သည်။

ကိုဗစ်ကူးစက်ခံရသူအရေအတွက် ပြန်တိုးလာချိန် နိုဝင်ဘာကတည်းက နိုင်ငံတွင်း၌ သေဆုံးမှုနှုန်း လျင်မြန်စွာ ပြန်မြင့်တက်လာကာ ဒီဇင်ဘာတွင် သေဆုံးသူလူပေါင်း ၇,၆၀၀ ကျော်ရှိပြီး အမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

ခရိုင်အစိုးရများက ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဇန်နဝါရီ ၂၉ ရက်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကူးစက်မှုအသစ်ပေါင်း ၅၄,၈၀၀ ခန့်ရှိပြီး ယင်းတို့အနက် ရောဂါပြင်းထန်သူ ၅၃၃ ဦးရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကကြေညာသည်။

ဂျပန်သည် လာမည့်မေလကစ၍ ကိုဗစ်အား  သာမန်ရာသီတုပ်ကွေး ရောဂါအဆင့်သို့   လျှော့ချမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ထားသည်။

(ref : Kyodo News)






အခြားဆက်စပ်သတင်းများ