နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်းဖြစ် ကိုဗစ် သောက်ဆေးနှစ်မျိုး တရုတ် ခွင့်ပြု

ပေကျင်း၊ဇန်နဝါရီ ၃၀

ရောဂါမပြင်းထန်သည့် ကိုဗစ်-၁၉ ဝေဒနာရှင်များအတွက် ပြည်တွင်း ဖြစ် သောက်ဆေးနှစ်မျိုးကို ထုတ်လုပ်ခွင့် ပြုလိုက်ကြောင်း တရုတ်အမျိုးသား ဆေးဝါးထုတ်လုပ်ကွပ်ကဲမှုဌာနက ဇန်နဝါရီ ၂၉ ရက်တွင် ကြေညာသည်။ 

ရောဂါမပြင်းထန်သူနှင့် အနည်းငယ် ပြင်းထန်သူများအတွက် ရည်ရွယ် ပြီး  ကိုဗစ်သောက်ဆေးနှစ်မျိုးကို ဟောင်ကောင်အခြေစိုက် Simcere Pharmaceutical ကုမ္ပဏီနှင့် Shanghai Junshi Biosciences ကုမ္ပဏီတို့က ထုတ်လုပ်လိုက်ခြင်းဖြစ်ကြောင်း ဆေးဝါး ထုတ်လုပ်ကွပ်ကဲမှုဌာနက ပြောသည်။ 

တရုတ်နိုင်ငံတွင် အများပြည်သူ  များ ခရီးသွားလာခွင့် ကန့်သတ်ထား ခြင်းများကိုရုတ်သိမ်းပြီး လွတ်လပ်စွာ သွားလာခွင့်ပြုပြီးနောက် နိုင်ငံတဝန်း ကိုဗစ် ကူးစက်၊ သေဆုံးမှုများ အရှိန်မြင့် လာသည်။

တရုတ်အစိုးရသည် ကိုဗစ်ကူးစက်၊ သေဆုံး စာရင်းအတိအကျကိုထုတ် ပြန်ခြင်း မရှိသော်လည်း နိုင်ငံတကာ သတင်းမီဒီယာများတွင်မူ ပြီးခဲ့သည့် လကုန်ပိုင်းနှင့် ယခုလအစောပိုင်း ကာလများတွင် ကိုဗစ်ကြောင့် သေဆုံး သူ အနည်းဆုံး သောင်းဂဏန်းချီ ရှိ ကြောင်း ခန့်မှန်းထားသည်။

(ref: AP)






အခြားဆက်စပ်သတင်းများ