နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်လာ ၁၁၄ သန်းတန်ဖိုးရှိ ကိုကင်း လေးတန်ခွဲ စပိန်ရဲတပ်ဖွဲ့ သိမ်းဆည်း

မက်ဒရစ်၊ ဇန်နဝါရီ ၃၀

စပိန်ရဲတပ်ဖွဲ့သည် ယခုသီတင်း ပတ်အစောပိုင်းက ကာနာရီကျွန်းစု များရှိ ကျွဲနွားများတင်သည့် သင်္ဘော တစ်စင်းကိုစီးနင်းပြီးနောက် ခန့်မှန်း စျေးကွက်တန်ဖိုး ယူရို ၁၀၅သန်း (ဒေါ်လာ ၁၁၄ သန်း) တန် ကိုကင်း လေးတန်ခွဲကို သိမ်းဆည်းရမိကြောင်း ဇန်နဝါရီ ၂၉ ရက်က သတင်းထုတ် ပြန်သည်။

ရဲတပ်ဖွဲ့မစီးနင်းမီ  အဆိုပါ သင်္ဘောသည် နိုင်ငံပေါင်းများစွာရှိ ဆိပ်ကမ်းများတွင် ရပ်တန့်ခဲ့ကာ မူးယစ်မှောင်ခိုသမားများသည်  တရား မဝင်ကုန်တင်ကုန်ချလုပ်ရပ်များကို ရဲတပ်ဖွဲ့က ခြေရာခံ၍ ပိုမိုခက်ခဲစေ ရန်  မှောင်ခိုမူးယစ်ဆေးဝါးများကို ကျွဲ၊ နွားတင်သည့်   သင်္ဘောများနှင့်  သယ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

ယင်းတို့သည် လက်တင်အမေ ရိကမှ ဥရောပသို့ မူးယစ်ဆေးဝါးများ သယ်ပို့ရန် စီစဉ်နေပြီးထိန်းချုပ်မှုနှင့် နေရာချထားမှု ပိုမိုခက်ခဲစေရန် တိရစ္ဆာန် များကိုသုံးပြီး လုပ်ဆောင် နေခြင်းဖြစ်ကြောင်း စပိန်ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ မာရီယာ ဘူယိုက ပြောသည်။

စပိန်အာဏာပိုင်များ၊ အမေရိကန် မူးယစ်ဆေးနှိမ်နင်းရေး အုပ်ချုပ်ရေး နှင့် တိုဂိုရဲတို့၏ စစ်ဆင်ရေးတွင် သင်္ဘောအမှုထမ်း ၂၈ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကာ ဆိပ်ကမ်းဘက်ခြမ်းရှိ ကိုကင်းများပါသည့် သေတ္တာဒါဇင် ပေါင်းများစွာကိုလည်း ဖယ်ရှားခဲ့ ကြောင်း သိရသည်။

(ref:Reuters)






အခြားဆက်စပ်သတင်းများ