နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယလေတပ် လေယာဉ်နှစ်စင်း တိုက်မိပြီး ပျက်ကျ

နယူးဒေလီ၊ ဇန်နဝါရီ ၃၀

အိန္ဒိယလေတပ်မှ တိုက်လေယာဉ် နှစ်စင်းသည် မြို့တော်နယူးဒေလီ တောင်ဘက် ကီလိုမီတာ ၃၀၀ (၁၈၅ မိုင်ခန့်) အကွာတွင် စစ်ရေးလေ့ကျင့် မှုပြုလုပ်နေစဉ် လေထုအတွင်း တိုက်မိ ပြီးနောက်  ပျက်ကျသွားကြောင်း ဇန်နဝါရီ ၂၉ ရက်တွင် သတင်း ထုတ်ပြန် သည်။

ပျက်ကျသွားသော လေယာဉ်နှစ်စင်း တွင် တစ်စင်း၏ အပျက်အစီးများကို ရှာဖွေ တွေ့ရှိထားပြီး Pahadgarh တောအုပ် အတွင်း ဒဏ်ရာရထားသည့် လေယာဉ်မှူးတစ်ဦးကို တွေ့ရှိထား ကြောင်း လေတပ်တာဝန်ရှိသူ အရာရှိ Dharmender Gaur က ပြောသည်။

အခြားလေယာဉ်တစ်စင်းကိုဆက် လက်ရှာဖွေရန် အဖွဲ့များ စေလွှတ်ထား ကာ ရှာဖွေတွေ့ရှိသော တိုက်လေယာဉ် တစ်စင်းပေါ်ရှိ အမှုထမ်းသုံးဦးအနက် နှစ်ဦးကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ထားကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Ankit Asthana က ပြောသည်။ 

အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ်တွင်  ပျက်ကျခဲ့သည့် လေယာဉ်များသည်   Sukhoi-30 နှင့် Mirage 2000 အမျိုးအစားများ ဖြစ်ပြီး ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင် ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ