နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်-လာအို-ထိုင်း ရထားလမ်းဖောက်လုပ်ရေး ဆွေးနွေး

ထိုင်းနှင့်လာအိုတို့သည် သုံး နှစ်မှငါးနှစ်အတွင်း ကုန်သယ်ယူ စရိတ် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်သည့် တရုတ် - လာအို - ထိုင်း မီးရထားလမ်းဖောက် လုပ်ရေးအတွက် ဆွေးနွေးနေကြောင်း ရထားပို့ဆောင်ရေးဌာန (DRT) က ဇန်နဝါရီ ၂၉ ရက် တွင် ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ ရထားပို့ဆောင်ရေး ဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Athipu Chitranukroh နှင့် အကောက်ခွန် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Kitjaluck Srinuchsart တို့သည် အဆိုပါကိစ္စအားဆွေးနွေးရန် လာအိုသို့ မကြာမီက သွားရောက်ခဲ့ကြောင်းလည်း သိရသည်။

ရထားလမ်းကို လက်ရှိအခြေခံ အဆောက်အဦများနင့်  ဘေးချင်းယှဉ် ၍  ဖောက်လုပ်မည်ဖြစ်ပြီး ယခုလမ်းသည် ထိုင်းနိုင်ငံသာမက အိမ်နီးချင်းနိုင်ငံ များကိုပါ အကျိုးရှိစေမည်ဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

ထို့ပြင် ထိုင်း - လာအိုစီမံချက်၌ တစ်နေ့လျှင် ရထား ၁၄ စီးအထိ ပြေးဆွဲသွားမည်ဖြစ်ပြီး လာအိုနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများပါ ပိုမိုရရှိနိုင်ရန် မျှော်လင့်ထားကာ ယင်းသို့ရထား၁၄ စီးဖြင့် ပြေးဆွဲပေးနိုင်ပါက နောက်ပိုင်း တွင်ရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုတိုး လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

(ref : Bangkok Post)






အခြားဆက်စပ်သတင်းများ