နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အသက်အကြီးဆုံး ပြင်သစ်သီလရှင် ကွယ်လွန်

ပဲရစ် ဇန်နဝါရီ  ၁၉

ဗြိတိန် မြောက်ပိုင်း ပင်လယ် ကအသက် ၁၁၈ နှစ်အရွယ်ရှိ ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်ဖြစ် သည့် ပြင်သစ်သီလရှင် လူစီရန်ဒုံ သည် ဇန်နဝါရီ ၁၇ ရက်တွင် ကွယ် လွန်သွားပြီဖြစ်သည်။

စစ္စတာ အန်ဒရီ ခေါ်  ရန်ဒုံ အား ပထမကမ္ဘာစစ်မဖြစ်ပွားမီ ဆယ်နှစ် အလို ၁၉၀၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြင်သစ်တောင်ပိုင်း၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ယင်းနေထိုင်ရာ တူလွန်မြို့ရှိ ဘိုးဘွားရိပ်သာတွင် အိပ်ပျော်နေစဉ် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ် တာဗယ်လာက ပြောသည်။

ပြီးခဲ့သည့်နှစ်က အသက် ၁၁၉ နှစ်အရွယ် ဂျပန်လူမျိုး ကနဲတာနာ ကာ ဆုံးပါးသွားပြီးနောက် ကမ္ဘာ့ အသက်အရှည်ဆုံး လူသားဖြစ်လာ သော ရန်ဒုံသည် နယူးယောက်တွင် ပထမဆုံး မြေအောက်ရထား ဖွင့်လှစ် ချိန်ကတည်းက အသက်ရှင်နေခဲ့သူ ဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာလ အတွင်း ယင်းနေထိုင်ရာ ဘိုးဘွား ရိပ်သာ၌ အခြားလူ ၁၀ ဦး ရောဂါဖြင့် ဆုံးပါးသွားသော်လည်း အသက်ရှင် ကျန်ရစ်နေခဲ့သူ ဖြစ်သည်။

ပြင်သစ်ရေဒီယိုချန်နယ်တစ်ခုက ရန်ဒုံ့ကို အသက်ရှည်နေရခြင်း၏ လျှို့ဝှက်ချက်ကို မေးမြန်းခဲ့ရာ သူကိုယ် တိုင်ပင် မသိကြောင်းနှင့် ဘုရားသခင် ၌သာ အဖြေရှိကြောင်း ဖြေကြားခဲ့ သည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ