နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုက်ထရိုဂျင် အရည်လောင်း သကြားလုံးများ စားမိရာမှ ကလေးများ အဆိပ်သင့်

ဂျာကာတာ ဇန်နဝါရီ  ၁၉

အင်ဒိုနီးရှားနိုင်ငံရှိ ကလေး အယောက် ၂၀ ကျော်သည် Tiktok တွင် နာမည်ကြီး ရေပန်းစားနေသော နိုက်ထရိုဂျင်အရည် အုပ်လောင်း ထားသည့် သကြားလုံးများကို စားသုံး မိရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။

ကလေးငယ်အချို့သည် နဂါးငွေ့ ဟု ခေါ်သည့် အဆိုပါ သက်တံရောင် သကြားလုံးများကို စားသုံးပြီးနောက် အစာအိမ် ရောင်ရမ်းခြင်းနှင့် အစာ အဆိပ်သင့်ခြင်းစသော ရောဂါလက္ခဏာ များကို ခံစားခဲ့ရခြင်းကြောင့်  အစိုးရ က သကြားလုံးများတွင် ပါဝင်သော နိုက်ထရိုဂျင်အရည်များကို အသင့်စား အစားအစာများတွင် အသုံးမပြု ကြရန် သတိပေးထားပြီး ပိုမို သတိ ထားကြရန် တိုက်တွန်းထားသည်။

နိုက်ထရိုဂျင်အရည်သည် သကြားလုံးများပေါ်တွင် အငွေ့များ တလူလူပျံအောင် ပြုလုပ်ပေးသည့် ပစ္စည်းတစ်မျိုးဖြစ်ပြီး လူများ စားသုံး သည့်အခါတွင်လည်း ရေခဲငွေ့၊ ဆေးလိပ်ငွေ့များကဲ့သို့ အငွေ့များ ထွက်ပေါ်လာစေသည်။

သို့ရာတွင် နိုက်ထရိုဂျင် အရည် များကို အငွေ့မပျံမီ စားသုံးမိပါက အစာအိမ် ရောင်ရမ်းနိုင်ပြီး အလွန် ပြင်းထန်ပါက အသက်ဆုံးရှုံး သည် အထိ အန္တရာယ်ရှိကြောင်း၊ အရေပြား ပူလောင်ခြင်းနှင့် အသက်ရှူရ အလွန် ခက်ခဲခြင်းစသော ဝေဒနာမျိုးလည်း ခံစားနိုင်ရခြေရှိကြောင်း ဂရစ်ဖစ် တက္ကသိုလ်မှ ကမ္ဘာ လုံးဆိုင်ရာ ကျန်းမာ ရေး ဘေးကင်းမှု သုတေသန ပညာရှင် ဖြစ်သည့်  အင်ဒိုနီးရှားဆရာဝန် ဒေါက်တာ ဒစ်ကီဘူဒီမန်က ဆိုသည်။

လက်ရှိတွင် ကလေးငယ် ၂၅ ဦး အစာအဆိပ်သင့်ထားပြီး နှစ်ဦးအား ဆေးရုံတင်ထားရသော်လည်း သေဆုံး သူ တစ်ဦးမျှမရှိကြောင်း သိရသည်။           


(ref: The Guardian)






အခြားဆက်စပ်သတင်းများ