နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
IS အဖွဲ့ ကွန်ဂိုဘုရားကျောင်းကို ဗုံးခွဲ

ကင်ရှာဆာ  ဇန်နဝါရီ  ၁၉

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ဗုံးပေါက်ကွဲမှုသည် ယင်းတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ် အကြမ်းဖက် စစ်သွေး ကြွအဖွဲ့က ဇန်နဝါရီ ၁၈ ရက်တွင် ပြောသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုများကြောင့် သေဆုံးသူ အရေအတွက်သည် အနည်းဆုံး ၁၄ ဦးအထိရှိလာပြီဖြစ်ကြောင်း ကွန်ဂိုအာဏာပိုင်များကထုတ်ပြန်သည်။

ကွန်ဂိုအရှေ့ပိုင်း ပန်တေကော် စတဲလ် ခရစ်ယာန်ဂိုဏ်း၏ ဘုရား ရှိခိုးကျောင်းတွင် ဖောက်ခွဲရေး ပစ္စည်း ထောင်ထားပြီး လူများဘုရား ဝတ်ပြု နေချိန်တွင် စနက်တံဖြုတ်ကာ ဖောက်ခွဲ မှုလုပ်ခဲ့ခြင်းဖြစ် ကြောင်း အိုင်အက်စ် အဖွဲ့က သတင်းထုတ်ပြန်သည်။ 

ဗုံးပေါက်ကွဲမှုကြောင့် ခရစ်ယာန် ဘာသာဝင် အယောက် ၂၀ သေဆုံး ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ပြန် ချက်တွင် ဖော်ပြထားပြီး ကွန်ဂို အာဏာပိုင်များကမူ ပေါက်ကွဲမှု အတွင်း အနည်းဆုံး ၁၄ ဦးသေဆုံးပြီး ၆၀ ဦးကျော် ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန် ထားသည်။                           

(ref: AFP)






အခြားဆက်စပ်သတင်းများ