နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နော်တင်ဟမ်ကို ဂိုးပြတ်အနိုင်ရပြီး ဗိုလ်လုပွဲတက်ရန် အခြေအနေကောင်းနေသည့် မန်ယူ

ဇန်နဝါရီ  ၂၆

ကာရာဘောင်းဖလား ဆီမီး ဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် နော်တင်ဟမ် အသင်းနှင့်မန်ယူ အသင်းတို့ ယနေ့ နံနက်အစောပိုင်း က The City Ground ကွင်း၌ ယှဉ်ပြိုင်ကစားရာ မန်ယူ အသင်း က နော်တင်ဟမ်အသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်း စလုံးက အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာပြီး အပြန်အလှန် တိုက်စစ်ဆင်မှုများ ဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်။

ပထမပိုင်း ပွဲကစားချိန် ၆မိနစ် တွင် ရက်ရှ်ဖို့ဒ်၏ တစ်ကိုယ်တော် ဖြတ်ကျော်မှုနှင့်အတူ  မန်ယူ အသင်း အဖွင့်ဂိုး   ရရှိခဲ့သည်။ နော်တင်ဟမ် အသင်းအတွက် ချေပဂိုးကို ၂၃ မိနစ်တွင် ဆားရစ် က သွင်းယူပေးခဲ့သော်လည်း VAR စနစ်ဖြင့် လူကျွံဘော သတ်မှတ် ခဲ့သောကြောင့် မန်ယူအသင်း သက်သာရာ ရခဲ့သည်။

ပွဲကစားချိန် ၄၅ မိနစ်တွင် ဝက်ဟော့က   မန်ယူအသင်း အတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပြီး ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် နော်တင်ဟမ် အသင်း အခွင့်အရေးအချို့ဖန်တီး နိုင်ခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိဘဲ မန်ယူ အသင်း၏ ဦးဆောင်ခြင်းကိုသာ ခံခဲ့ရသည်။ မန်ယူအသင်းအတွက် တတိယမြောက် အနိုင်ဂိုးကို ပွဲချိန် ၈၉ မိနစ်တွင်  ဖာနန်ဒက်စ်က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ဂိုးပြတ် နိုင်ပွဲနှင့်အတူ ကာရာဘောင်း ဖလား ဗိုလ်လုပွဲသို့ တက်ရောက် ရန် အခြေအနေ ကောင်းနေသည်။

ကာရာဘောင်းဖလား ဆီမီး ဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် အဖြစ် မန်ယူအသင်းနှင့် နော်တင် ဟမ် အသင်းတို့သည် ဖေဖော်ဝါရီ ၂ ရက်တွင် အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ