နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုးလ်မြို့ ပျံကျရပ်ကွက် မီးလောင်၊နေအိမ် ၆၀ ကျော် ပျက်စီး

ဆိုးလ်   ဇန်နဝါရီ  ၂၂

တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့ ရှိ ပျံကျရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခြင်းကြောင့်လူပေါင်း ရာချီကာ ဘေးလွတ်ရာသို့ရွှေ့ပြောင်း နေရပြီး နေအိမ် ၆၀ ကျော် မီးလောင် ပျက်စီးသွားကြောင်း ဇန်နဝါရီ ၂၁ ရက် တွင် ဒေသအာဏာပိုင်များက ထုတ်ပြန် သည်။

မီးလောင်မှုသည် မြို့တော်ဆိုးလ်ရှိ ဂါယုံရပ်ကွက်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး မီးကို ငြှိမ်းသတ်နိုင်ရန် မီးသတ် သမား ၉၀၀ ကျော်အပြင် ရဟတ်ယာဉ်များ၏ ကိုပါ သုံးခဲ့ရကြောင်း သိရ သည်။

မီးလောင်သည့် ရပ်ကွက်နေရာ သည် ဆိုးလ်မြို့တွင် နောက်ဆုံးကျန် နေသည့် ပျံကျရပ်ကွက်ဖြစ်ပြီး ယာယီတဲများ ကျပ်တည်းစွာ ကပ် ဆောက်ထားသည့်နေရာဖြစ်ကာ  သစ်သားပြားများ၊ ကတ်ထူပြားများ နှင့် ယာယီတဲများကို ကာရံထားသည့် အတွက် မီးဘေး၊ ရေဘေး မကြာခဏ သင့်သည့်  နေရာဖြစ်ကြောင်း သိရ သည်။

ဆိုးလ်မြို့ရှိ ဂါယုံရပ်ကွက်သည် ၂၀၀၉ ခုနှစ်ကတည်းက မီးလောင် မှု ၁၆ ကြိမ်ထက်မနည်း ဖြစ်ပွားထား သည့် နေရာဖြစ်သည်။      (ref: BBC)






အခြားဆက်စပ်သတင်းများ