နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသမီး ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပြည့်နေသည့် ခရီးဆောင်အိတ်နှစ်လုံး ဂျပန်ရဲတပ်ဖွဲ့ တွေ့ရှိ

တိုကျို ဇန်နဝါရီ  ၂၂

ဂျပန်နိုင်ငံ အနောက်ပိုင်း ဝါကာယာမမြို့ မြစ်ဆိပ်ဘေးတွင် ရပ်ထားသည့် ကားတစ်စီးအတွင်း အမျိုးသမီးကိုယ်အင်္ဂါ အစိတ်အပိုင်းများ ပြည့်နေသည့် ခရီးဆောင်အိတ်နှစ်လုံးကို ရှာဖွေတွေ့ရှိကြောင်း တိုကျိုရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ကိုယ်အင်္ဂါအစိတ်အပိုင်း များသည် အသက် ၂၀ မှ ၄၀ အရွယ် အမျိုးသမီးတစ်ဦးထံက  ဖြစ်နိုင် ကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းထားပြီး သေဆုံးရသည့် အကြောင်းရင်းနှင့် သေဆုံးသူအမျိုးသမီးကိုမူ စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အပြင် ကားအနီးရှိ မြစ်ကမ်းစပ်တွင် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ကား အတွင်း ယင်း၏ဓာတ်ပုံပါသည့် ယာဉ်မောင်းလိုင်စင်ကို တွေ့ရှိထား ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါ အမျိုးသားနှင့် တစ်စစီဖြစ်နေသည့် အမျိုးသမီးရုပ်အလောင်းကြား ဖြစ်နိုင် ခြေရှိသည့်ဆက်စပ်မှုကို စုံစမ်းစစ်ဆေး နေကြောင်း သိရသည်။

(ref:NHK)






အခြားဆက်စပ်သတင်းများ