နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိဗက်နှင်းတောင်ပြိုကျမှု ၂၈ ဦး သေဆုံး

ပေကျင်း  ဇန်နဝါရီ  ၂၂

တိဗက်အနောက်တောင်ပိုင်း နင်ချီ မြို့တွင် နှင်းတောင်ပြိုကျမှုကြောင့် သေဆုံးသူဦးရေသည် လက်ရှိတွင် ၂၈ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါနှင်းတောင်ပြိုကျမှုသည် ဇန်နဝါရီ ၁၇ ရက်  ည ၈ နာရီခန့်က ဖြစ်ပွားခြင်းဖြစ်ပြီး ယင်းသို့သော ဖြစ်စဉ် များသည် ဟိမဝန္တာ၌ မကြာခဏ ဖြစ် လေ့ဖြစ်ထရှိကြောင်း သိရသည်။

လတ်တလောတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁,၃၄၈ ဦးနှင့် လိုအပ်သောပစ္စည်း ကိရိယာ များကို ပို့ဆောင်ထားကြောင်း သိရ သည်။

ဇန်နဝါရီ ၂၁ ရက်အထိ အသက်ရှင်သူ ၅၃ ဦးကို တွေ့ရှိကယ်ဆယ်ထားပြီး ယင်းတို့အနက် ငါးဦးသည် အပြင်း အထန် ဒဏ်ရာရထားသည်ဟု အာဏာ ပိုင်များကဆိုသည်။

(ref : Reuters)






အခြားဆက်စပ်သတင်းများ