နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်၌ အအေးလွန်ကဲ သေဆုံးသူ ၈၀ နီးပါးရှိ

ကဘူးလ် ဇန်နဝါရီ  ၂၁

အာဖဂန်နစ္စတန်၌ ပြင်းထန်သော အအေးဒဏ်ကြောင့် လူ ၇၈ ဦး သေဆုံးပြီး မြို့တော်ကဘူးလ်နှင့် အခြားဒေသအများအပြား၌ အပူချိန် ကျဆင်းကာ နိုင်ငံအလယ်ပိုင်းတွင် အနိမ့်ဆုံးအပူချိန် အနုတ် ၃၃ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းသွားကြောင်း သိရသည်။

အာဖဂန်မိုးလေဝသဌာနကလည်း ယခုနှစ် ဆောင်းသည်အအေးဆုံးဖြစ် ပြီး လာမည့် ရက် သတ္တပတ်ကျော်အထိ ဆက်လက် အေးနေမည်ဖြစ်ကြောင်း ဆိုသည်။

နိုင်ငံ၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကမူ လူများအပြင် ကျွဲ၊နွားကောင်ရေ ၇၀,၀၀၀ အထိ အပူချိန်ကျဆင်းမှုကြောင့် သေဆုံးခဲ့ ကြောင်း ထုတ်ပြန်ထားသည်။  

အလားတူ ဇန်နဝါရီ ၁၇ ရက် ကလည်း  ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှုကြောင့် ကလေးများ၊ အမျိုးသမီးများအပါအဝင် လူပေါင်း ၁၄၀ ဆေးရုံတင်ထားရပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် အအေးဒဏ်ခံနိုင်ရန် ဂက်စ်များအသုံးပြုကြသဖြင့် အဆိပ် သင့်မှုဖြစ်ခြင်းဟု ဆိုသည်။

၂၀၂၁ ခုနှစ်တွင် အမေရိကန် များ သည် အာဖဂန်မှ ထွက်ခွာသွား ပြီး တာလီဘန်များ အာဏာရလာစဉ် ကတည်းက အာဖဂန်သည် ဆင်းရဲ မွဲတေမှု၊အာဟာရချို့တဲ့မှုနှင့် စီးပွား ရေးအကျပ်အတည်းများကို ရင်ဆိုင် ခဲ့ရကာ နိုင်ငံ၏ ၃၈ ရာခိုင်နှုန်း သောသူများသည် ငတ်မွတ်ခေါင်းပါး မှုဒဏ်ကို အပြင်းအထန် ခံစားနေရ ကြောင်း သိရသည်။              (ref: AFP)






အခြားဆက်စပ်သတင်းများ