နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂူဂဲလ် ဝန်ထမ်း တစ်သောင်းကျော် လျှော့မည်

နယူးယောက် ဇန်နဝါရီ  ၂၁

ဂူဂဲလ် (Google) နည်းပညာ ကုမ္ပဏီကြီး၏ မိခင်ကုမ္ပဏီ Alphabet က နိုင်ငံတဝန်းရှိ လုပ်သား အင်အား ၁၂,၀၀၀ ကို လျှော့ချသွားမည်ဖြစ် ကြောင်း ဇန်နဝါရီ ၂၀ ရက်က ကြေညာ လိုက်သည်။ 

ယင်းသည် ကုမ္ပဏီ ဝန်ထမ်းဦးရေ ၏ ခြောက်ရာခိုင်နှုန်းကို လျှော့ချလိုက် ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂ နှစ်အတွင်း လုပ်ငန်းများ အကြီးအကျယ် အောင်မြင်ခြင်းကြောင့် လူသစ်များ ခန့်ထားသော်လည်း လက်ရှိ အခြေ အနေ သည် ပြောင်းလဲသွားကြောင်းကုမ္ပဏီ အမှုဆောင် အရာရှိ Sundar Pichai က ပြောသည်။

ရုံးချုပ်ရှိ ဝန်ထမ်းများလျှော့ချ ရာတွင် ပါဝင်သူများကို ကြိုတင် အသိ ပေးပြီးဖြစ်ကြောင်းနှင့် နိုင်ငံရပ်ခြားရှိ ဂူဂဲလ်ရုံးများမှ ဝန်ထမ်းများလျှော့ချ မည့် ကိစ္စကိုမူ စည်းမျဉ်း ဥပဒေများ မတူခြင်းကြောင့် အချိန်ယူ လုပ်ဆောင် မည်ဖြစ်ကြောင်း သိရသည်။ 

ဂူဂဲလ်ကဲ့သို့ပင် အမေရိကန် နည်းပညာကုမ္ပဏီကြီးများ ဖြစ် သည့်  Microsoft ၊  Facebook ၊ Instagram ၊ Twitter နှင့် အွန်လိုင်း အရောင်းကုမ္ပဏီ Amazon တို့ကလည်း ဝန်ထမ်းသောင်းချီကာ လျှော့ချလျက် ရှိသည်။                    (ref: Bloomberg)






အခြားဆက်စပ်သတင်းများ