နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အယ်ဗာရက်ဇ်ကို စာချုပ်သက်တမ်းတိုးရန် မန်စီးတီးအသင်း ကမ်းလှမ်း

ဇန်နဝါရီ  ၂၁

မန်စီးတီးအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင်တိုက်စစ်ပိုင်း၌ ခြေစွမ်းပြကစားနေသည့် လူငယ်ကစား သမားအယ်ဗာရက်ဇ်ကို စာချုပ်သက်တမ်း တိုးရန် ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် အယ်ဗာ ရက်ဇ်ကို ၂၀၂၂ ခုနှစ် နွေရာသီအပြောင်း အရွှေ့ကာလ ပြောင်းရွှေ့ကြေး စတာလင် ပေါင် ၁၄ သန်းဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုကာခေါ်ယူနိုင်ခဲ့ပြီး ကစားသမား အနေဖြင့် ယခုနှစ်ပြိုင်ပွဲစုံ ၂၃ ပွဲ ပါဝင် ကစားခဲ့ရာတွင် သွင်းဂိုး ရှစ်ဂိုးထိ သွင်းယူ၍ တိုက်စစ်ပိုင်းတွင် ပုံစံကောင်း ပြသနေသောကြောင့် အသင်းတာဝန်ရှိ သူများက စာချုပ်သက်တမ်းတိုးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် အယ်ဗာရက်ဇ်သည် ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ခြောက်ပွဲထိ ပွဲထွက် ကစားခွင့်ရရှိခဲ့ကာ သွင်ဂိုး လေးဂိုးထိ သွင်းယူခဲ့ပြီး အသင်းကို ချန်ပီယံဆု ဖလားရရှိအောင် အဓိကနေရာမှပါဝင် ကူညီနိုင်သကဲ့သို့ မန်စီးတီးအသင်းတွင် လည်း အဓိကပြိုင်ပွဲများတွင် အရေးပါ သည့်သွင်းဂိုးများ သွင်းယူနိုင်ခဲ့သူဖြစ် သည်။

၂၀၂၇ ခုနှစ်မှ စာချုပ်သက်တမ်း ကုန်ဆုံးမည့် အယ်ဗာရက်ဇ်ကို အသင်း တာဝန်ရှိသူများက သဘောကျနှစ်သက် နေပြီး နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုရန်      ပြင်ဆင်နေခြင်းဖြစ်သည်။          


 သူရိန်






အခြားဆက်စပ်သတင်းများ