နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒါရီယန်း ဒုက္ခသည်စခန်းကို ရွှေ့ပြောင်းများ ဖြတ်ကျော်

နယူးယောက် ဇန်နဝါရီ  ၂၀

ကိုလံဘီယာနိုင်ငံ နှင့် ပနားမား နိုင်ငံကြားရှိ ဒါရီယန်း ဒုက္ခသည်စခန်းကို ၂၀၂၂ ခုနှစ်အတွင်း ဒုက္ခသည်ပေါင်း ၂ သိန်းခွဲ ဖြတ်ကျော်သွားလာခဲ့ကြောင်း ကုလ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာအဖွဲ့အစည်းက ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်သည်။ 

အဆိုပါ အရေအတွက်သည် ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂ ဆ ဖြစ်နေပြီး ယင်းသို့ ရွှေ့ပြောင်းသွားလာစဉ် အနည်း ဆုံး လူ ၃၆ ယောက် သေဆုံးဖွယ်ရှိ နိုင်သော်လည်း တောလမ်းများတွင် သေဆုံးသူများကို ရေတွက် စိစစ်နိုင် ခြင်းမျိုး မရှိကြောင်း ၊ အမှန်တကယ်  သေဆုံးသည့် ဒုက္ခသည် အရေအတွက် သည် ယခုထက်ပိုများနိုင်ကြောင်း သိရ သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ဟေတီရွှေ့ပြောင်းဒုက္ခသည်များ အများ စုပါဝင်သည့် ဒုက္ခသည် ၁၀၃,၀၀၀  ကျော်သည် ဒါရီယန်း ဒုက္ခသည်စခန်းကို ဖြတ်ကျော်သွားလာခဲ့ကြောင်း ကုလ သမဂ္ဂ ရွှေ့ပြောင်းအခြေချသူများ ဆိုင်ရာ အေဂျင်စီက ထုတ်ပြန်ထားသည်။

(ref: AP)






အခြားဆက်စပ်သတင်းများ