နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယ ကလေးငယ်တစ်ဦး ရူပီး ဘီလီယံပေါင်း များစွာစွန့်လွှတ်ပြီး သာသနာ့ဘောင် ဝင်ရောက်

နယူးဒေလီ ဇန်နဝါရီ  ၂၀

ဒေါ်လာသန်းပေါင်းများစွာကို အမွေဆက်ခံရမည့်   အသက် ၈ နှစ်အရွယ်  ဒေဗန်ရှီ ဆိုသည့် အိန္ဒိယ မိန်းကလေးငယ်သည် အမွေအားလုံးကို စွန့်လွှတ်ပြီး သာသနာ့ဘောင်သို့ ဇန်နဝါရီ ၁၉ ရက်က ဝင်ရောက်သွားပြီ ဖြစ်သည်။

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ဆူရတ်မြို့ရှိ Sanghvi and Sons ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး စိန် ကုမ္ပဏီများထဲက တစ်ခုဖြစ်ပြီး နှစ်စဉ် ရူပီးဘီလီယံပေါင်းများစွာ အမြတ် အစွန်းရရှိနေသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။

သူမသည် အဆိုပါကျောက်မျက် ရတနာ လုပ်ငန်း၏ အမွေဆက်ခံသူ ဖြစ်ပြီး ဇိမ်ခံဘဝတွင် နေနိုင်သော်လည်း  လောကီအပျော်အပါး များကို စွန့်လွှတ် ကာ ရိုးရှင်းသည့် သီလရှင်ဘဝတွင် နေထိုင်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

သူမ၏ မိသားစုသည် ခေတ်အိန္ဒိယ ဘာသာတရားတစ်ခုဖြစ်သည့် ဂျိမ်း ဘာသာဝင်များဖြစ်ပြီး အကြမ်း မဖက်မှု၊ သားသတ်လွတ်စားခြင်းနှင့် သတ္တဝါအားလုံးကို ချစ်မြတ်နိုးသူများ ဖြစ်သည်။

ဒေဗန်ရှီသည် ငယ်စဉ်ကတည်းက ဘာသာတရားကိုင်းရှိုင်းခြင်းကြောင့် ဆူရတ်မြို့ရှိ ဂျိမ်းဘာသာဝင်များကြား လူသိများသည့် ကလေးငယ်တစ်ဦး လည်းဖြစ်သည်။

၁၉၈၁ ခုနှစ်တွင် တည်ထောင်ခဲ့ သည့် သူမ၏ မိသားစုပိုင် လုပ်ငန်း သည် အသားတင်တန်ဖိုး ရူပီး ငါး ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၁ သန်း)ခန့် တန်ကြေးရှိကြောင်းအိန္ဒိယ ချေးငွေအဆင့် သတ်မှတ်ချက် အေဂျင်စီ ICRA က ဆိုသည်။

(ref: AFP)






အခြားဆက်စပ်သတင်းများ