နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံ နွားထိန်းပြိုင်ပွဲ၌ လူတစ်ဦးသေဆုံး ၊ ဒါဇင်ချီဒဏ်ရာရ

နယူးဒေလီ  ဇန်နဝါရီ  ၂၀

အိန္ဒိယနိုင်ငံ၏ အငြင်းပွားဖွယ် အားကစားနည်းတစ်ခုဖြစ်သော ဂျလီကာတူအမည်ရှိ နွားထိန်းပြိုင်ပွဲ၌ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး လူဒါဇင်ချီကာ ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၁၉ ရက် တွင် ပြောသည်။ 

သေဆုံးသူသည် အသက် ၂၀ အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး တောင်ပိုင်း တမီးလ်နာဒူးပြည်နယ် မာဒူရီခရိုင်၌ယှဉ်ပြိုင်မှုအတွင်း ဒဏ်ရာများရရှိကာ သေဆုံးသွားခြင်း ဖြစ်သည်။

 အဆိုပါဖြစ်စဉ်၌ စုစုပေါင်း လူ ၃၁ ဦး ဒဏ်ရာရရှိကာ ပြီးခဲ့သည့် ရက်သတ္တပတ်က အန်ဒရာပရာဒက်ရှ် ၌ကျင်းပသည့် အခြားနွားထိန်းပွဲ တစ်ခု၌လည်း လူ ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့က ပြောသည်။

ဂျလီကာတူ ကစားနည်းသည် နှစ်ပေါင်း ၂,၀၀၀ ကျော်သက်တမ်း ရှိပြီဖြစ်သော ကမ္ဘာ့ရှေးအကျဆုံး အားကစားတစ်ခုအဖြစ် သတ်မှတ်ခံ ထားရကာ နွားများကို အလှဆင်ထားပြီး ပြေးလွှားနေသည့်နွားများအား ပါဝင် ယှဉ်ပြိုင်သူက ထိန်းချုပ်ပြီး နွားချို တွင်တပ်ထားသော အလံကို အရယူ နိုင်အောင် ကြိုးစားရသည့် ကစားနည်း ဖြစ်သည်။


(ref : AFP)






အခြားဆက်စပ်သတင်းများ